Tae's side-ဒုက္ခပါဘဲ......နှင်းတွေနဲ့လမ်းပိတ်နေတာ...ဆေးရုံ ကိုရောက်ဖို့ကလည်းအဝေးကြီး ....ကားတွေကလည်းမရွေ့တော့ဘူး....ဘယ်လိုလုပ်မလဲ
Driver-ဒုဥက္ကဌ Kim.. ကျွန်တော်တို့ကွေ့မောင်းလို့တောင်မရနိုင်တော့လောက်အောင် ယာဉ်ကြောပိတ်နေပြီ။
Tae's mind-ဘာပဲဖြစ်ဖြစ်...သူငါ့ကိုရှာနေလောက်တယ်......
ငါ့လက်ကိုကိုင်ထားချင်လို့ ငါကရှိမနေရင်
ငါ့ရင်ခွင်ထဲမှာ အော်ငိုချင်လို့ငါကရှိမနေရင်
နင်လိုအပ်နေတဲ့အချိန်မှာငါက ရှိမနေရင်.....စိတ်ထဲမှာတင်းကြပ်လာတာ...ဖြေမဆည်နိုင်Tae ကားတံခါးကိုဆွဲဖွင့်ကာ.....ဒီကနေဘဲသွားတော့မယ် Driver U
ပြောပြီးတာနဲ့ နောက်ကိုလှည့်မကြည့်ဘဲပြေးလာမိတာ..............
နှင်းတောထဲမှာပြေးရတာမလွယ်...အထူးသဖြင် ဆီးနှင်းတွေထူထပ်စွာကျလာတဲ့နှင်းမုန်တိုင်းကြားထဲမှာ...."မြို့ရဲ့တောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းကဝေးပါတယ် Fany........ဒါပေမဲ့နင်ရှိနေတဲ့နေရာမှန်သမျှကငါ့အတွက်ဘယ်လောက်ဝေးဝေးနီးနီးလေးပါ
ငါဘယ်ဆီရောက်ရောက်နင်သာ လိုအပ်နေတယ်ဆိုရင်...........ငါရောက်တဲ့နေရာကနေပြေးလာခဲ့ပါ့မယ်"နင့်ကြောင့်မဟုတ်ပါဘူး..ငါမကောင်းတာပါ
ငါတို့ကလေးပျက်စီးရတာ ငါ့ကြောင့်ပါ
အဲ့ဒါကိုနင်လည်းသိသလို ငါလည်းသိပြီးသားဖြစ်နေပါပြီဆေးရုံ ရောက်တော့သူငိုနေတာအပြင်ကနေမြင်နေရသည်.......Tae လည်းငိုနေတာပါဘဲ....
အခန်းထဲဝင်မယ်လုပ်တော့...ရင်နာစွာကြားလိုက်ရတဲ့စကားလေးတစ်ခွန်းရှိတယ်
"ငါမုန်းတယ်တဲ့....အရမ်းကိုမုန်းပါတယ်တဲ့"
ဟုတ်ပါတယ် Tae ကြောင့် ကလေးတည်ဖို့ခက်ခဲသွားတာလေ
တံခါးလက်ကိုင်ကိုကိုင်နေတဲ့လက်တွေ လှမ်းနေတဲ့ခြေလှမ်းတွေ နဲ့ခုန်နေတဲ့နှလုံးသွေးတွေတောင် ရပ်တန့်သွားရပါတယ်Tae လူကွယ်ရာကိုတိတ်တိတ်လေးထွက်လာပြီး..လှေကားမှာထိုင်ကာ အူလှိုက်သည်းလှိုက်ကိုငိုကြွေးနေမိတယ်
တကယ်လို့ ငါတောင်အဲ့လိုငိုနေရရင်...နင်ဆိုရင်ရော......လှေကားနောက်ကွယ်မှာတော့ Tae ကိုရပ်ကြည့်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့တယ်။
YOU ARE READING
Please Don't Hate Me ; My Fany
Romanceအရမ်းမုန်းတီးသွားသူနဲ့ အရမ်းချစ်မိသွားသူ Tae-နင်ကလည်းမုန်းပါတယ်...ငါကလည်းချစ်ပါတယ် Fany-ငါ့အမုန်းတွေက နင့်ဆီကိုအချစ်ပန်းပွင့်တွေအနေနဲ့ အသွင်ပြောင်းပြီးရောက်ရှိသွားခဲ့တာ....ငါမသိလိုက်မိဘူး