Unicode
လူတွေဟာ.. သမားရိုကျဆန်တဲ့ ဓလေ့ထုံးတမ်း
တွေကြားမှာပဲ ပျော်မွေ့တတ်ကြတယ်။ရိုးအီနေတဲ့ ပုံပြင်တွေကြားက အက်ကြောင်း
ထပ်နေတဲ့ ပျော်ရွှင်ဖွယ်ရာတွေကိုပဲ
စိတ်ဝင်စားကြပြီး ကြေကွဲဖို့ကောင်းတဲ့
နောက်ထပ် ရှူထောင့်တစ်ခုက မြင်ကြည့်ပေးဖို့
ကို ကြောက်ရွံ့ကြတယ်။ဥပမာ... သစ္စာတရားနဲပတ်သတ်ပြီး
ပုံပမာပေးကြလေ့ရှိတဲ့ နေကြာပန်းလေး
အကြောင်း။နေမင်းကြီးတည်ရှိရာကိုပဲ
တစိုက်မတ်မတ်ငေးမောနေတတ်ပြီး နေမင်းကြီး ပျောက်ကွယ်သွားတာနဲ့ ခေါင်းငိုက်စိုက်ချ လွမ်း
ဆွတ်နေတတ်တဲ့ နေကြာပန်းလေးရဲ့ သစ္စာတရား
နဲ့အချစ်... ။လူအများ ပြောနေတတ်ကြတဲ့ ဇာတ်လမ်းလေးဟာ ဒီနေရာမှာပဲ အဆုံးသတ်သွားတယ်။
ဆိုကြပါစို့ဗျာ။ကြယ်ရောင်တဖျောက်ဖျောက်ကြားက လမင်းလေးက ...ညိုးနွမ်းလွမ်းဆွတ်နေတဲ့ နေကြာပန်းလေးကို ငေးမောနေရှာမယ်
ဆိုရင်ရော။ပူပြင်းမှုကို အလောတကော ရှာဖွေယူနေရာက
နွေးထွေးမှုတွေကို မမြင်နိုင်ရှာတဲ့ နေကြာပန်းလေးအတွက်...
သစ္စာတရားလို့ မခေါ်နိုင်တဲ့ သောက်သုံးမကျလွန်း
တဲ့ စွဲလမ်းမှုတွေကို ကျိန်ဆဲပစ်လိုက်ချင်တာပါပဲ။"ပန်းသတင်း ၊လေညှင်းဆောင် "တဲ့...။
ဒီလိုဆို ...ဒီလမင်းလေးရဲ့အချစ်တွေကိုရော...
နေကြာပန်းလေးဆီကို ဘယ်လိုအရာတွေက
ဆောင်ကြဉ်းပေးလိမ့်မလဲ။"ပန်းသတင်း ၊ လေညှင်းဆောင် "
"ချန်း" ကို ကျွန်တော်စတွေ့တုန်းက ကျွန်တော့်အသက်
ရှစ်နှစ်။ကျွန်တော်တို့ မိဘမဲ့ကျောင်းလေးရဲ့
ကစားကွင်းက ဒန်းလေးပေါ် လက်သီးကို
တင်းတင်းဆုပ်ထားကာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ "ချန်း"က
အနည်းငယ် ကြောက်စရာကောင်းပေမယ့်
နီရဲလျက် မျက်ရည်တွေဝိုင်းနေသည့် မျက်လုံး
တွေကြောင့် "မငိုပါနဲ့ "လို့နှစ်သိမ့်ပေးချင်ခဲ့သည်။ရှိသမျှသတ္တိသေးသေးလေးတွေစုကာ တွန့်ဆုတ်
တွန့်ဆုတ်နှင့် "ချန်"ရဲ့ အနားကိုတိုးသွား
မိသည်။ဟိုးတစ်ရက်က ဂေဟာကို လာသည့်
အလှူရှင်တွေပေးသွားတဲ့ ချောကလက်လေး
ကိုလည်း လက်သေးသေးလေးထဲ အတင်း
ဆုပ်ထားမိသည်မှာ ချွေးစေးတို့ပင်ထွက်လာ
သလို။ဒီချောကလက်လေးရတုန်းက
ကျွန်တော် အရမ်းပျော်ခဲ့တာမို့ "ချန်း"
ကို ပေးလိုက်တဲ့အခါ "ချန်း"လည်း
ပျော်သွားပြီး ငိုတော့မှာမဟုတ်ဘူးလို့ တွေးမိသည်။ ချောကလက်လေးကို
မထိရက်၊ မတို့ရက် ၊ မစားရက်ပဲ သိမ်းထားခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း ချီးကျူးလိုက်မိသည်။
VOCÊ ESTÁ LENDO
FanficJust as the breeze carries the flower's fragrance.. ,so do which one carries Moon's...