" February လရဲ့ အပြင်အဆင်တွေဟာ
ငါ့ကို စိတ်ဒုက္ခပေးလွန်းတယ် ... "သီချင်းရေးတဲ့အစ်ကို ချန်းယောလ်ဆီက
ညည်းညည်းညူညူ ရေရွတ်သံကြောင့်
မင်ဟျောင်းပြုံးလိုက်တယ် ။ဒီနေ့မနက်ကတည်းက ဂီတာကောင်းကောင်း
တစ်လက် လိုက်ရှာနေတဲ့ ချန်းယောလ်ကော သူပါ
ခြေကုန်လက်ပမ်းကျလွန်းလို့ ပစ်ထိုင်ချချင်မိတဲ့အထိပဲ ။လူနေပေမယ့် အစာအိမ်ကမနေတာမို့
စားသောက်ဆိုင်ဘက် ဦးတည်လာပြီးမှ
ဆိုင်တွင်းအပြင်အဆင်နဲ့ စုံတွဲတွေအတွက်သီးသန့်
ထားတဲ့လျော့ဈေးကြော်ငြာတွေ မြင်ပြီးသကာလ
စီနီယာဟာ မျက်မှောင်ကြုံ့ပြီး ဆိုင်ရှင်တွေကို တိတ်တိတ်လေး ကျိန်ဆဲနေပုံရတယ် ။" ပိုက်ဆံမလောက်လို့လား ချန်းယောလ်sambae
ကျွန်တော့်မှာ ပါပါတယ် ""မဟုတ်ပါဘူး ငါမကျေနပ်လို့ပါ စုံတွဲတွေပဲ
ပါးစပ်ပါတာမှမဟုတ်တာ ...ငါတို့လည်း
အထူးအခွင့်အရေးဆိုတာမျိုး ရသင့်တယ်လေ
ဟုတ်တယ်မှတ်လား ...တစ်နှစ်မှာ365ရက်လုံး
အလုပ်ကြိုးစားနေရလို့ ချစ်သူမရတာလေ "ဆူပုတ်ပုတ်နဲ့ ရေရွတ်တဲ့ စီနီယာကိုမြင်တော့
သူမရယ်ပဲ မနေနိုင်ဘူး ။" မင်းလည်းအတူတူပဲ..တစ်ခါမှ ကောင်မလေးနဲ့
အပြင်သွားတာမတွေ့မိဘူး..သဘောကျနေတဲ့
သူများမရှိဘူးလား "ပဲခေါက်ဆွဲကို မြန်မြန်စားရင်း ချန်းယောလ်က
မျက်နှာချင်းဆိုင်က ကောင်လေးကိုမေးတယ်။" ချစ်ရတဲ့သူတော့ ရှိပါတယ် "
မင်ဟျောင်းက တိုးတိုးလေးဖြေပြီး မျက်နှာငုံ့ထားတယ် ။ သူ့မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့
ပန်းခင်းရဲရဲကို အမိအရ မြင်လိုက်တဲ့ ချန်းယောလ်ကစချင်လာတယ် ။" ရှိနေတာလား... ငါနဲ့မိတ်ဆက်ပေးရမယ်"
ကိုင်ထားတဲ့ တူအစုံကို လွှတ်ချရမလား ဆက်မွှေရမလား မသိတော့လို့ မင်ဟျောင်းငြိမ်သွားတယ် ။
YOU ARE READING
PERFECT (Completed )
Fanfictionကိုယ့်အတွက် ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာဆိုတာ " မင်း " ပါပဲ... ။ NCT Taemark