" Perfect " ( Zawgyi + Unicode )

2.3K 194 80
                                    


" February လရဲ့ အပြင်​အဆင်​​တွေဟာ
ငါ့ကို စိတ်​ဒုက္ခ​ပေးလွန်းတယ်​ ... "

သီချင်း​ရေးတဲ့အစ်​ကို ချန်း​ယောလ်​ဆီက
ညည်းညည်းညူညူ ​ရေရွတ်​သံ​ကြောင့်
မင်​​ဟျောင်းပြုံးလိုက်​တယ်​ ။

ဒီ​နေ့မနက်​ကတည်းက ဂီတာ​ကောင်း​ကောင်း
တစ်​လက်​ လိုက်​ရှာ​နေတဲ့ ချန်း​ယောလ်​​ကော သူပါ
ခြေကုန်​လက်​ပမ်းကျလွန်းလို့ ​ပစ်​ထိုင်​ချချင်​မိတဲ့အထိပဲ ။

လူ​နေ​ပေမယ့်​ အစာအိမ်​ကမ​နေတာမို့
စား​သောက်​ဆိုင်​ဘက်​ ဦးတည်​လာပြီးမှ
ဆိုင်​တွင်းအပြင်​အဆင်​နဲ့ ​စုံတွဲ​တွေအတွက်​သီးသန့်
ထားတဲ့​လျော့​ဈေး​ကြော်​ငြာ​တွေ မြင်​ပြီးသကာလ
စီနီယာဟာ မျက်​​မှောင်​ကြုံ့ပြီး ​ဆိုင်​ရှင်​​တွေကို တိတ်​တိတ်​​လေး ကျိန်​ဆဲ​နေပုံရတယ်​ ။

" ပိုက်​ဆံမ​လောက်​လို့လား ​ချန်း​ယောလ်​sambae
ကျွန်​​တော့်​မှာ ပါပါတယ်​ "

"မဟုတ်​ပါဘူး ငါမ​ကျေနပ်​လို့ပါ စုံတွဲ​တွေပဲ
ပါးစပ်​ပါတာမှမဟုတ်​တာ ​...ငါတို့လည်း
အထူးအခွင့်​အ​ရေးဆိုတာမျိုး ရသင့်​တယ်​​လေ
ဟုတ်​တယ်​မှတ်​လား ...တစ်​နှစ်​မှာ365ရက်​လုံး
အလုပ်​ကြိုးစား​နေရလို့ ချစ်​သူမရတာ​လေ "

ဆူပုတ်​​ပုတ်​နဲ့ ​ရေရွတ်​တဲ့ စီနီယာကိုမြင်​​တော့
သူမရယ်​ပဲ မ​နေနိုင်​ဘူး ။

" မင်းလည်းအတူတူပဲ..တစ်​ခါမှ ​ကောင်​မ​လေး​နဲ့
အပြင်​သွားတာမ​တွေ့မိဘူး..သ​ဘောကျ​နေတဲ့
သူများမရှိဘူးလား "

ပဲ​ခေါက်​ဆွဲကို မြန်​မြန်​စားရင်း ချန်း​ယောလ်​က
မျက်​နှာချင်းဆိုင်​က ​ကောင်​​လေးကို​မေးတယ်​။

" ချစ်​ရတဲ့သူ​တော့ ရှိပါတယ်​ "

မင်​​ဟျောင်းက တိုးတိုး​လေး​ဖြေပြီး မျက်​နှာငုံ့ထားတယ်​ ။ သူ့မျက်​နှာ​ပေါ်ဖြတ်​​ပြေးသွားတဲ့
ပန်းခင်းရဲရဲကို အမိအရ မြင်​လိုက်​တဲ့ ချန်း​ယောလ်​ကစချင်​လာတယ်​ ။

" ရှိ​နေတာလား... ငါနဲ့​မိတ်​ဆက်​​ပေးရမယ်​"

ကိုင်​ထားတဲ့ တူအစုံကို လွှတ်​ချရမလား ဆက်​​မွှေရမလား မသိ​တော့လို့ မင်​​ဟျောင်းငြိမ်​သွားတယ်​ ။

PERFECT (Completed )Where stories live. Discover now