"Looking for the romantic game for V"
အလဲ့ ခေါင်းစဉ်က စိတ်ဝင်စားစရာပါလား
သူfacebook ပေါ်မှ sponsered post တစ်ခုကိုဖတ်မိရာမှ စိတ်ဝင်စားသွားရသည်။
ထို့ကြောင့် post အစအဆုံးဖတ်ကြည့်မိသည်။
V Dayမှာ Singleဖြစ်နေတဲ့သူ
ကျွန်တော်နဲ့Valentine Dayကိုအတူတူဖြတ်သန်း ကြရအောင်စည်းကမ်းချက်များ
1.ကျွန်တော်နှင့်V-Dayကိုဖြတ်သန်းမည့်သူသည် Gayဖြစ်ရမည်။
2.သင်သည် မိမိ၏ကိုယ်ရေးအကျဉ်းကိုလုံးဝပြောစရာမလိုပါ
ယုတ်စွအဆုံး နာမည်ကိုပင်ပြောစရာမလိုပါ။
ထို့အတူ ကျွန်တော်လည်းကျွန်တော်၏အကြောင်းကို
သင့်အား ပြောပြမည်မဟုတ်ပါ။3.သင်၏မျက်နှာသွင်ပြင် ဘယ်လိုပုံစံဖြစ်နေပါစေ သင်၏မျက်နှာကို ကျွန်တော်ကြည့်မည် မဟုတ်ပါ။ထို့အတူ ကျွန်တော်၏မျက်နှာကိုလည်း သင်မြင်ရမည်မဟုတ်ပါ။
4.သင်သည် VDay တစ်ရက်လုံး
သင့်ခန္ဓာကိုယ်ကိုကျွန်တော့်အား အပိုင်ပေးထားရမည်။ကျွန်တော်လုပ်ခိုင်းသမျှ လုပ်ရမည်။(ဥပဒေနှင့်မလျော်ညီသော ကိစ္စများ သင်လက်မခံသောကိစ္စများမပြုလုပ်ပါဟု လုံးဝအာမခံပါသည်။)ကျွန်တော်သည်သင်နှင့်အတူ VDayတစ်နေ့လုံး ပျော်ရွှင်စရာ အမှတ်တရများဖန်တီးချင်ပါသည်။
သို့သော် တင်းတင်းကျပ်ကျပ်ချမှတ်ထားသော စည်းကမ်းတစ်ခုရှိပါသည်။
VDayပီးသွားသည်နှင့်တစ်ပြိုက်နက် ကျွန်တော့်အားသင့်စိတ်ထဲမှအပီးပိုင်ထုတ်ပစ်နိုင်ရမည်။
ကျွန်တော်လည်း သင့်အားစိတ်ထဲမှအပီးပိုင်ထုတ်ပစ်လိုက်ပါမည်။
ကဲ အပေါ်ကအချက်တွေ ကိုလိုက်နာနိုင်မယ်ဆိုရင်
သင်အခုပဲ Message boxမှာ Valrog လို့ရေးပီး February 13ရက်နေ့ ည7နာရီမတိုင်ခင် စာရင်းပေးသွင်းလိုက်ပါ။ ပေးပို့လာသူတွေထဲမှ တစ်ယောက်တည်းကိုပဲရွေးချယ်မှာပါ accမှာ ပုံအစစ်တင်ပီးမသုံးထားတဲ့သူတွေကို ဦးစားပေးရွေးချယ်ပါမည်။သူအချိန်ကိုကြည့်လိုက်တော့ 6:17 ရှိသေးသည်။
တိုက်တိုက်ဆိုင်ဆိုင် သူတစ်နေ့ကမှဒီaccကိုဖွင့်လိုက်သည့်အတွက် ပုံတွေတစ်ပုံမှတင်မထားရသေးပေ နာမည်ကလည်းအတု
YOU ARE READING
Valrog
Romanceပထမဆုံးရေးဖူးပီး ပထမဆုံးပြိုင်ဖူးခြင်းပါ အမှားပါရင်ခွင့်လွှတ်ပေးကြပါ #vdmyanmar