"အင်း ထိုင်မယ်..."
သစ်ပင်ခြေရင်းလေးမှာ နှင်းဆီပွင့်ဖတ်လေးတွေ အထပ်လိုက်ပုံချထားသည်...
"လာ..ဒါကိုယ်တို့ထိုင်ဖို့လုပ်ထားတာ..."
ပွင့်ဖတ်အပုံပေါ်မှာ ကျနော့်ကိုအရင်ထိုင်စေလျက် သူကဘေးတွင်ဝင်ထိုင်လေသည်
"Yeol ya...ငါ့ကိုဘာမှပြောစရာမရှိဘူးလားးး"
သူ့ပုခုံးလေးပေါ်ခေါင်းမှီရင်း ဆိုမိတော့
"အင်းပြောမယ် Baek
အရငိရက်တွေတုန်းက Baek ကိုပစ်ထားမိတာ..ဒီကိစ္စတွေစီစဉ်နေလို့ပါ...
Baek ရိပ်မိသွားမှာလည်းစိုးတယ်...အာ့ကြောင့်တောင် ဘယ်သူ့ကိုမှမပြောဘဲ တစ်ယောက်တည်းကြိတ်လုပ်နေတာ...
အဲ့ဒါကြောင့် အချိန်တွေပိုပြီး လိုသွားတယ်ဆိုပါတော့လေ...
ဘယ်သွားနေလဲ ဘယ်ရောက်နေတယ်ဆိုတာတွေမပြောဘူးဆိုတာကလည်း Baek ကိုမလိမ်ချင်လို့ပါ...မလိမ်ပဲ အမှန်အတိုင်းပြောရင်လည်း ဒီတောသားငလည်လေးက ရိပ်မိသွားမှာလေ...
အာ့ကြောင့် မသိချင်ယောင်ဆောင်ပြီး ပစ်ထားသလိုနေလိုက်ရတာ သိလားးး""ဒါ...ဒါပေမယ့်လည်း Yeol လွန်တယ်သိလားးး
စကားလည်းမပြောဘူး မျက်နှာတောင်မကြည့်ဘူး
ဘာဖြစိနေတာလဲလို့ စိတ်ပူလိုက်ရတာဒီမှာ..."မျက်နှာငယ်လေးနဲ့ပြန်ပြောမိသညိ..ဟုတ်တယ်လေ သူ့ရင်ထဲက ခံစားချကိတွေပဲ...
"ဟုတ်ပါတယ်...ကိုယ်လွန်ပါတယ် သိတယ်
ကိုယ်လည်းတကယ်ကြောက်နေမိလို့ပါ....
Baek အတွက် အကောင်းဆုံးပြင်ဆင်ထားချင်တာ...Baek ကိုလုံးဝအံ့သြပြီးပျော်သွားစေချင်လို့!
ရိပ်မိသွားရင် မဖြစ်တော့ဘူးလေ...နော် Baek
စိတ်မဆိုးပါနဲ့တော့....
အခုပျော်ရတယ်မလားးးကိုယ့်ရင်ထဲက အချစ်တွေကိုခံစားမိတယ်မလားး?""ခံစားမိတာပေါ့...အမြဲတမ်းခံစားမိပါတယ်..."
ပုခုံးပေါ်မျက်နှာအပ်ပြီး လေသံတိုးတိုးလေးနဲ့ ဆိုမိသည်
"အဲဒါနဲ့ appa omma တို့ကိုကျတော့ရော?"
"ကိုယ်ကြိုပြောထားတာလေ..ဒီည Baek ကို surprise လေးတစ်ခု စီစဉ်ပေးမယ်ဆိုပြီးးး
ခေါ်ထုတ်မယ်လို့ ကြိုပြောထားတာ...ကူညီပေးပါဆိုပြီးးး"
YOU ARE READING
From Now, To Eternity [Completed]
Fanfiction2018 Valentines Day အတွက် special Chanbaek three shot လေးပါ... အားလုံးပဲသိကြတဲ့အတိုင်း 2018 အစထဲက ရူးလောက်တဲ့ moment တွေနဲ့ သတ်နေတဲ့ Chanbaek ၂ ယောက်ကို 2018 ဟာလည်း သူတို့အတွက် အဆင်အပြေဆုံး အချစ်နှစ်လေးတစ်နှစ်ဖြစ်ပြီး ဒီနှစ်မှသည် နောက်နှစ်ပေါင်းများ...