Reborn April Story

703 85 10
                                    

                  
   Love of Human Life  Part _ ( 1 )

နေမင်းကြီးသည် မနက်ခင်း ကလန့် ကာ လေးကို
လှပ်ကာ ချစ်ရသော သားသမီးတို့  ကို ထွေး
ပွေ့ ရင်း ကြည်နူးနေပုံ ...

နေမင်းကြီးနဲ့ အပြို င် မကြည်နူး မပျော်ရွှင်နိုင်
သည်က Zhu ...

Zhu ကို လေးဘက်လေးထောက် ဖင်လုံးလုံး
လေး က အမြှီးစုတ်ဖွါးလေး မိုးပေါ်ထောင်သည်
အထိ ကို တ ဂီးးး ဂီးးး တ ဂါးးး ဂါးးး နဲ့ အော်
ကာ မာန်ဖီပြီး ပါဝါ ပြနေတဲ့ ပူစီ လူသား
လေး hunnie ဟာ အသည်းယားစရာ ...

Zhu ခမျာ ဘာအပြစ်မှ မလုပ်ပါပဲ ... သူ့ သခင်
လို လူသား အသွင်ရှိသော်လည်း သူ့ အရှေ့ က အမြီးစုတ်ဖွါး နားရွက်ဖွါးဖွါး နဲ့ သူ့ သခင်နား တောက်တဲ့ လို အမြဲကပ်နေတတ်တဲ့ ဘာမှန်း
မသိတဲ့ အကောင်လေး ကြည့်ပြီး ကြောင်စီစီ
ရယ် ...

သူ မာန်ဖီပေမဲ့ ရန် မလုပ်ပဲ သူ့ ကို ကြည့်နေတဲ့
Zhu ကြောင့် ပူစီ လေး လေးဘက်ထောက်ရာ
မှ ဖင်ထိုင်ချ ကာ လုံးလုံး ဖူးဖူး မျက်နှာလေး  ဟာ
ရှုံ့ မဲ့မဲ့ ဖြစ်လာသည် ...

* ဝါးးးး အီးးးးး ဝါးးးးး *

အသံပြဲ နဲ့ ထငိုတဲ့ သူ့ အရှေ့ က ပူစီ လေး
ကြောင့် Zhu ရဲ့ အမွှေးတွေ ထောင်သွားလေ
သည် ...

ခုနကတင် သူတို့ တွေရဲ့ သဘောတရား အရဆို
အသားလွတ်ကြီး သူ့ ကို ရန်ထောင် မာန်ဖီနေ
သေးသည် ...

ခုတော့ မျက်ရည် ဘူးသီး လုံးလောက်ကျ ကာ အော်ငိုနေပြန်သည် ...

သခင် အပြင်မထွက်ခင် * hunnie လေးကို
ဂရု စိုက်နော် * ဆိုပြီး မှာသွားတုန်းက သူလို
ဘာမှမလုပ်တတ်တဲ့ ကြောင်တကောင်ကို ဒီစ
ကား ပြောလို့ သခင် များ ရူးနေသလားလို့ တွေး
မိခဲ့တာ ...

ခုတော့ ဘယ်သူ ရူးနေလဲဆိုတာ Zhu ကောင်း
ကောင်းကြီး သဘောပေါက် သွားလေသည် ...

ကြောင်တကောင် ပေမဲ့လည်း သနားတဲ့ မျက်
ဝန်းတွေ နဲ့ ကြည့်တတ်သေးသည် ...

ထို အကြည့်ကိုပင် ပူစီလေး hunnie က မကြိုက်ဘူးထင် တဝါးဝါး အော်ငိုနေသည် ...

သူ ဒီပုံစံ ဒီဒုက္ခ ကို ခံစားနေရသည်မှာ အရင် သခင် ဆီမှ စွန့် ပစ်ခံထားရပြီး အခု သခင် သူ့ ကို မွေးစားဖို့ ခေါ်လာ ပြီးထဲကပင် ...

Love Born From April Story { Completed }Where stories live. Discover now