အမှတ်တရထက်ပိုသော ..

2.1K 316 102
                                    

" ဘ၀အတွက် အပျော်ဆုံးနေ့ကို ခံစားပြီးတဲ့အချိန် ..
မင်း ဒီလောကကြီးကနေ ..
ထာဝရအတွက် .. ပျောက်ဆုံးသွားလိမ့်မယ်"

🌺🌺🌺

Baekhyun's pov; 

မြောင်ဒုံလမ်းမကြီးပေါ် အထီးကျန်စွာ တစ်ယောက်တည်းလမ်းလျှောက်နေတုန်း လမ်းမကြီးပေါ် ဥဒယိုသွားလာနေကြသည့် အချစ်မောင်နှံများသည် လောလောလတ်လတ် တောက်လောင်ထားသည့် ဒေါသမီးအား ပို၍တဟုန်းဟုန်းဖြစ်လာအောင် လာဆွနေကြသည့်အလား .. ။

ဒီနေ့က February 13 ရက်နေ့ ။

စုံတွဲများ တရားဝင်ရွစိထိုး၍ရသော Valentine Day ရောက်ရန် တစ်ရက်တိတိပင် လိုနေသေးသည်ကို ဘာကြောင့် ဒီနေ့ကတည်းက လူမျက်စိနောက်အောင်လုပ်နေကြမှန်း ကျွန်တော်တော့ စဉ်းစားမရပါလေ ။

" ရည်းစားမရှိတဲ့လူတွေက အဲဒီနေ့မှာ သေနေပေးရမှာလား" ဟုသာ အော်ရင်း ရန်ရှာချင်မိတော့သည် ။

မြင်မြင်သမျှ ဒေါသထွက်နေရသည့် အဓိကတရားခံကတော့ Kim Kai နဲ့ Oh Sehun ဆိုတဲ့ အကြင်နာမရှိတဲ့ သူငယ်ချင်းတွေကြောင့် ..

ဘယ့်နှယ် .. သူများသင်တန်းပျက်လည်း မပျက်ပဲ ငါတို့သူငယ်ချင်းသုံးယောက် တက်ညီလက်ညီ သင်တန်းတက်ကြမယ်ပြောတာကို ကျွန်တော်လွင့်ထွက်သွားလောက်အောင် အလန့်တကြား အော်ကြသည့် ချစ်သော သူငယ်ချင်းနှစ်ယောက် .. ။

အမြဲတွေ့နေရတဲ့ မင်းတို့ကောင်လေးတွေကို အထူးအဆန်းဘာကိစ္စ Valentine Day မှာ အပိုတွေလုပ်ပြီး သွားတွေ့မှာလဲလို့ မေးမိရုံရှိသေး ကရားရေလွတ်ဖြင့် Valentine Day ရဲ့ သမိုင်းကြောင်းတွေ ရှင်းပြလိုက်ကြတာ .. နားအူလာလို့ မခံနိုင်တော့ပဲ ထွက်ပြေးလာရတဲ့အထိ ။ ဪ ချစ်ဖို့ကောင်းလှပေစွ ။

မြင်သမျှ အတွဲများအား ပိုက်ဆံမပေးရတိုင်း မကျေနပ်သည့်အကြည့်ဖြင့် အ၀ကြည့်ကာ ကျွန်တော့်ခိုလုံရာဖြစ်သည့် ဂိမ်းဆိုင်သို့ ရောက်လာတော့သည် ။

ကောင်တာတွင် ခုံနံပါတ်ယူလိုက်ပြီး ကျွန်တော်ဆော့နေကြ စစ်တိုက်သည့်ဂိမ်းအား စ၍ဆော့လိုက်တော့သည် ။

You've reached the end of published parts.

⏰ Last updated: Jan 02, 2019 ⏰

Add this story to your Library to get notified about new parts!

My precious.. Where stories live. Discover now