ဂျူံအင်ဆီက ပြန်လာတဲ့
သူတို့နှစ်ယောက်ရဲ့ စကားတွေက
ကျွန်တော့်ကိုငိုင်တွေသွားစေသည်။''ဒီကောင် ……ဆယ်ဟွန်းကို
ရအောင်ယူမယ့် သဘောရှိတယ်
ငွေကြေးချမ်းသာတာရော……လုပ်ငန်းတွေပိုင်ဆိုင်တာရော……သူ့ကို မိဘတိုင်းက ……လက်ခံတာ ဖြစ်သင့်ပါတယ်''''မင်း……ဘာလုပ်မလဲ ချန်းယောလ်''
''ငါ့မှာ တစ်နည်းပဲရှိတော့တယ်ကွာ…အဲဒါက……ဟွန်းကိုသွားခိုးမယ်
မင်းတို့ ……ငါ့ကို ဟွန်းနက်ရအောင်
ဆက်သွယ်ပေးကွာ''ချန်းယောလ်လဲသူငယ်ချင်းနှစ်ယောက်ရဲ့
ကောင်းမှုကြောင့် ဆယ်ဟွန်းနက်
်အဆက်အသွယ်ရခဲ့သည်။''ငါတို့……လိုက်ဖို့လိုသေးလား''
''ရပါတယ်ကွာ…… ငါ့အတွက်နက်
မင်းတို့ အလုပ်ပိုနေပါ့မယ်''ကျွန်တော်ဟွန်းကိုခိုးလာသည့်အချိန်က
ည၈နာရီဝန်းကျင်ဖြစ်သည်။ဟွန်း အိမ်ကအလစ်မှာ
တိတ်တိတ်ကလေးထွက်လာခြင်းပင်။''ညကြီး…… မင်းကြီး
ဘယ်လိုဖြစ်လာတာလဲ……ချန်းယောလ်''''ငါ … ယောကျာ်းခိုးလာတာကွ''
''ဟင် ……မင်းဟာကလည်းအဆန်းကြီး ……ကဲပါ လာ ……လာ အထဲဝင်ကြ''
xiuက ကျွန်တော်တို့နှစ်ယောက်ကို
လှိုက်လှဲစွာ ဆီးကြိုရှာသည်။''ဒီမှာတော့ ……လွတ်လွတ်လပ်လပ်
် မင်းတို့……ချစ်လင်လင်နှစ်ယောက်
အေးအေးဆေးဆေး……နေလို့ရတယ်''''ကျေးဇူးပဲ ……xiuရာ''
''မလိုပါဘူးကွာ…… ဒါမျိုး
ကူညီရတာ ဝါသနာပါတယ်''ဟွန်းရဲ့ မျက်နှာလေးနီမြန်းလို့
ို့ရှက်သွေးတွေဖြာသွားတာ
ကျွန်တော်တွေ့လိုက်သည်။ညလေးတစ်ခုမှာ လမင်းကြီးကိုကြည်နူးစွာကြည့်ရင်း
ချစ်သူနက်အတူ စကားတွေပြောဖြစ်ကြသည်။''မိုးတောင်တော်တော်ချုပ်ပြီ ဟွန်း……အိပ်တော့လေ''
''ဟင့်အင်း…… ကိုအိပ်မှ အိပ်မယ်''
''ကိုယ်က……ပျော်လွန်းလို့ အိပ်ချင်စိတ်တောင်မရှိဘူး''
''ဟွန်းလဲ ……ပျော်ပါတယ်''