Friend Love
Part 3
** Baek part **
Chen : hyung ဘာလုပ်တာလဲ "
ဆွဲရာဘက်ကိုယိုင်သွားပြီး ဆွဲသူ၏ ရင်ခွင်ထဲတန်းဝင်သွားတော့တယ်
Se : သူနဲ့လာမပတ်သက်နဲ့
ပြောပြီး ကျနော့်ကိုကားအနားဆွဲခေါ်သွားတော့တယ်
ကျနော့်ကိုဆွဲတဲ့သူကို မော့ကြည့်တော့ ကျနော်ငိုအာင်လုပ်တဲ့သူ ကျနော့်ကိုနာကျင်အောင်လုပ်တဲ့သူ
Baek : ငါ့ကိုလွတ် ငါမင်းနဲ့မသွားဘူး
ကျနော် သူ့ကိုတွန်းပြီး သူနဲ့ဝေးရာသို့သွားရပ်နေလိုက်တယ်
Se : ဘာလဲ? သူနဲ့တအားသွားချင်နေတာလား?
Sehun ရဲ့စကားတွေကြောင့် ကျနော့်မျက်ရည်တွေ ပြန်ပြီး စီးဆင်းလာတော့တယ်
Baek : 😢 မင်းဘာလို့ဝင်ရှုပ်တာလဲ?
ငိုရင်းပြောလိုက်တယ် ကျနော်အရပ်သောက်ထားတာဘယ်ပျောက်ကုန်ပြီလဲမသိတော့ဘူး ကျနော်အမူးပြေနေပြီ
Chen : Baekhyun hyung ဘာဖြစ်သွားသေးလဲ
အသံလာရာဘက်ကိုလှည့်ကြည့်တော့ chen စိတ်ပူစွာနဲ့ကျနော့်နား လျှောက်လာတော့ ကျနော် chen နောက်သို့ သွားပြီး sehun ကိုပုန်းနေလိုက်တယ်
Se : Baekhyun ဒီကိုလာခဲ့
Sehun ရဲ့အသံ ကြောက်စရာကောင်းလိုက်တာ သူစိတ်ဆိုးနေပြီထင်တယ် သူတခါမှဒီလိုမအော်ဖူးဘူး
Chen : Sehun hyung Baekhyun hyung ကိုဘာလုပ်မလို့လဲ?
Se : မင်းကိစ္စမဟုတ်ဘူး ငါတို့နှစ်ယောက်ကိစ္စ
Sehun ပြောရင်း ကျနော်တို့နားကိုလျှောက်လာတော့ ကျနော့်ရှေ့မှာရပ်နေတဲ့သူရဲ့ အင်္ကျီစကို ဆွဲထားလိုက်တယ်
Se : ငါထပ်မပြောချင်ဘူးနော် ထွက်လာခဲ့
Baek : 😢😢😢
ကျနော်ကြောက်တယ်
Chen : Baekhyun hyung မသွားနဲ့
Chen ကျနော့်လက်ကိုကိုင်ထားပြီးပြောလာတော့ Sehun ကျနော်တို့နှစ်ယောက်လက်ကိုကြည့်ပြီး စိတ်အလိုမကျဖြစ်နေတယ်