Part 1

1.3K 165 4
                                    

Romantic Dinner ကိုပြင်ခိုင်းပြီးတော့
ဒီလောက် အေးစက်စွာစားနေတဲ့ စုံတွဲနှစ်ယောက်လိုမျိုး ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။

ပြင်ပေးထားတဲ့ ဝိုင်ခွက်တွေနဲ့ဖယောင်းတိုင်တွေကိုမှ အားမနာ..
ညိမ့်ညိမ့်လေးတီးပေးနေတဲ့ တယောသံတွေကိုမှ မထောက်..
ညှိထားတဲ့မီးအလင်းအမှောင်တွေက သူတို့ရဲ့စိတ်တွေကို မဆွဲဆောင်နိုင်သလိုပဲ...
မျက်နှာချင်းဆိုင်ထိုင်ပြီး တိတ်ဆိတ်စွာညစာသုံးဆောင်နေကြတဲ့ စုံတွဲတစ်တွဲ။ သူတို့ဘာကြောင့်ဒီစားသောက်ဆိုင်တစ်ခုလုံးကို bookingလုပ်ပြီး romantic dinnerပြင်ခိုင်းနေရပါသလဲ။ နေရာဒေသနဲ့ သူတို့ရဲ့ဆက်ဆံရေးမှ မလိုက်ဖက်တာ။

ကို့ဆိုင်ကိုလာတဲ့ စားသုံးသူကိုကျွန်တော် ဝေဖန်မနေသင့်ပါဘူး။ ကျွန်တော်လုပ်သင့်တာက အကောင်းဆုံးဟင်းလျာတွေကို ချက်ပြုတ် ပြင်ဆင်ပေးပြီး serviceပေးသင့်တာ။

ဒါပေမဲ့ လမိုင်းမကပ်လွန်းတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ မဝေဖန်ဘဲမနေနိင်ဘူး။

ကောင်မလေးက ဝိုင်ခွက်ကိုသာကိုင်ထားပြီး အလိုမကျဟန်ပေါက်နေပေမဲ့ ကောင်လေးကတော့ အေးအေးဆေးဆေး။ ဘယ်သူ့မှဂရုမစိုက်ဟန်နဲ့ ညစာကိုပဲစားသုံးနေတယ်။ သူ့ရှေ့မှာရှိနေတဲ့ ကောင်မလေးကိုရော ရှိတယ်လို့ထင်ရဲ့လားမသိ။

ကျွန်တော်သူတို့အတွက် ဝိုင်ခွက်ထဲကို ဝိုင်တွေငဲ့ထည့်ပေးရသည်။

"ဒီဆိုင်က ဟင်းတွေကအရသာရှိသားပဲ ကောင်းတယ်၊ စားဖိုမှူးကမင်းလား"

"ဟုတ်ကဲ့"
ကျွန်တော့်ကိုမေးလာတဲ့ကောင်လေး..ချက်ထားတဲ့ဟင်းတွေ စားကောင်းတယ်ဆိုတော့ ကျွန်တော်ကျေနပ်မိတယ်။

"အင်း အင်း"

ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံသလိုပြုနေတဲ့ကောင်လေးက ဆက်စားဖို့ပြင်ဆင်တော့

သူ့ရှေ့မှကောင်မလေးက မကျေနပ်တော့ဘူးထင်သည်။

"Jun shi ညစာကိုစားကောင်းအောင် စားပြနေတာက ကျွန်မကိုရွဲ့တာလားဟင်"

"စားကောင်းလို့ စားတာပေါ့ ကိုယ်ကမင်းကိုဘာလို့ရွဲ့ရမှာလဲ"

DINNERWhere stories live. Discover now