Part 2

1.1K 166 18
                                    

တွေ့ဆုံမှုတစ်ခါပြီးတိုင်းမှာ...သူနဲ့ကျွန်တော့်ကြား
ရင်းနှီးမှုတစ်ခုတိုးလာတယ်.....

အဒေါ်တစ်ယောက်ရဲ့ မွေးနေ့လက်ဆောင်ဝယ်ဖို့ ကြွေပန်းကန်တွေရောင်းတဲ့ဆိုင်ကို သွားရင်း
ကျွန်တော့်စားဖိုမှူးလေးနဲ့ ဆုံခဲ့ပါတယ်။

သူ့ဆိုင်မှာမဟုတ်ဘဲ...ကျွန်တော်မဖန်တီးဘဲ တွေ့ဆုံမှုက ဒါပထမဆုံးပဲလေ။

ကြွေပန်းကန်တွေကို တစ်ချပ်ချင်းအသေးစိတ်လိုက်ကြည့်နေတဲ့ သူ့ကိုကျွန်တော်ကပဲစကားစရပါတယ်။

"မင်္ဂလာပါ Yixing "

"မင်္ဂလာပါ Junmyeon ကိုယ်တို့ဒီမှာဆုံရတာ ဝမ်းသာပါတယ်"

သူဝမ်းသာကြောင်းကို နှစ်ခြိုက်စွာ ပါးချိုင့်ပေါ်အောင်ပြုံးပြရင်း သက်သေပြသည်။

"ပန်းကန်အားလုံးကအတူတူပဲထင်တယ်...ဘာကြည့်ပြီးရွေးတာလဲဟင်"

ခုနကတည်းက စိတ်ဝင်တစားကြည့်နေလို့ ကျွန်တော်သူ့ကို မေးလိုက်သည်။

"အင်း အပြင်ပန်းကြည့်ရင်တော့ အတူတူပဲပေါ့ ဒါပေမဲ့ ကနုတ်လက်ရာတို့ကတော့ မတူဘူးလေ...ကိုယ်ချက်မဲ့ဟင်းပွဲကိုစဉ်းစားပြီး လိုက်ဖက်တဲ့ပန်းကန်ကို စဉ်းစားရတာ....ဒါမှအမြင်တင့်မှာလေ....."

ပန်းကန်တစ်ချပ်ကိုကောက်ကိုင်ရင်း ကျွန်တော့်ကိုစိတ်ရှည်ရှည် ရှင်းပြပေးနေတာ..

"တကယ်တော့ ဟင်းချက်တယ်ဆိုတာအနုပညာပဲJunmyeonရဲ့"

Junmyeonဆိုတဲ့ သူ့အခေါ်အဝေါ်၊ စားသောက်ဆိုင်မှာလို ရိုးကျိုးမှုတွေမပါဘဲ။ ကျွန်တော့်ကိုရင်းနှီးစွာခေါ်ခြင်း၊ CEO Kimလို့ခေါ်တာထက် ကျွန်တော်ပိုကျေနပ်မိတယ်။

ဒါသူ့အလုပ်ခွင်မှ မဟုတ်ဘဲ။ ကျွန်တော့်ကိုရိုသေနေစရာမလိုဘူးလေ။

"Junmyeon ကရော ဒီကိုဘာလာဝယ်တာလဲ"

"အဒေါ့်အတွက်မွေးနေ့လက်ဆောင် လာဝယ်တာပါ အပန်းမကြီးရင် ကိုယ့်အတွက်ကော်ဖီခွက်တွေ လိုက်ရွေးပေးပါ့လား Yixing"

"ရတာပေါ့...လာဒီဘက်"

သူနဲ့အတူတူ ကော်ဖီခွက်တွေတွင်မဟုတ်ဘဲ
ကုန်တိုက်တစ်ခုလုံးပတ်ပြီး ဈေးဝယ်ခဲ့တယ်။
ကျွန်တော်ပျော်တယ်.....သူနဲ့ကျွန်တော်ဟာ အရမ်းရင်းနှီးသွားသလိုပဲ။

DINNERWhere stories live. Discover now