C
1.8K 180 22
(Zawgyi)
Candy...
ငယ်​ငယ်​တုန်းက အ​မေမသိ​အောင်​တစ်​မျိုး အ​မေကိုဝယ်​​ကျွေးခိုင်းလို့တစ်​ဖုံ.. စွဲစွဲလမ်းလမ်းစားတဲ့.. Candy
Candy တစ်​လုံးရဲ့အရသာကို​ကောင်း​ကောင်းကြီးသိ​နေ​ပေမယ့်​... Candyထက်​ပိုချိုတာရှိမယ်​လို့မထင်​ခဲ့ဘူး..
ဒါ​ပေမယ့်​ တစ်​​နေ့တစ်​ချိန်​မှာ​တော့ Candyဆိုတာထက်​ ချိုမြိန်​တဲ့အချစ်​​တွေကိုရရှိခဲ့သည်​..။
ဒါဟာဘုရားက​ပေးတဲ့ဆုလာဘ်​တစ်​ခု​ပေါ့..
❀ ❀ ❀
"သားမှာ ချစ်​ရမယ့်​သူရှိ​နေပြီလား?"
စာကြည့်​ခန်းထဲ Companyက မပြီးပြတ်​​သေး​သောအလုပ်​​တွေလုပ်​​နေတုန်း ဆိုင်းမဆင့်​ဘုံမဆင့်​ ​မေးလာတဲ့​မေ​မေ့စကား​ကြောင့်​ Sehun​ကြောင်​သွားရသည်​။
"​မေ​မေ ဘာ​ပြောချင်​တာလဲ?"
လက်​ထဲမှာ ကိုင်​လာတဲ့ ​ကော်​ဖီခွက်​ကိုစားပွဲ​ပေါ်ချပြီး
"​မေ​မေသားနဲ့ ​မေ​မေ့သူငယ်​ချင်းရဲ့သားကိုသ​ဘောတူထားတယ်​"
မေ​မေ့ရဲ့စကား​ကြောင့်​ Sehunရဲ့​သွေး​တွေ​ပြောင်းပြန်​စီး​နေသလို ခံစားလိုက်​ရသည်​။
"​မေ​မေ! ကျွန်​​တော်​က ​ယောက်ျား​လေ ဘာလို့ ​ယောက်ျားတစ်​​ယောက်​နဲ့လက်​ထပ်​ရမှာလဲ?"
အေး​ဆေးပြီးတည်​ငြိမ်​တဲ့အပြင်​​ငွေ​ကြေးချမ်းသာသည့်​ Sehunကို သ​ဘောကျ​နေသူအ​မြောက်​အမြားရှိ​သော်​လည်း Sehunစိတ်​မဝင်​စား​ချေ။ အလုပ်​သ​ဘောရအရမိန်းမ​တွေနှင့်​ပက်​သက်​ဖူး​သော်​ငြား ဘယ်​မိန်းက​လေးကိုမှလည်းရင်​မခုန်​ဖူး။
"​မေ​မေ စကားကိုနား​ထောင်​မယ်​မဟုတ်​လားသား! သူကရည်​ရည်​မွန်​မွန်​​လေးပါ မင်းကို​တွေ့​တွေ့ချင်း ချစ်​​နေတာ"
C.A.N.D.Y (Completed) Where stories live. Discover now