ညီ ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပီနော်
ကိုယ်တို့ ခုလိုလမ်းခွဲရမရ်လို့မထင်ထားခဲ့ဘူးညီရယ်
ကိုယ်အဆင်ပြေသွားမှာပါညီရ ခဏတာလောက်ပါ ကိုယ်နေသားကျသွားမှာပါ ညီလည်း ကျန်းမာရေးဂရုစိုက်နော်
အစားလည်းပုံမှန်စား အရင်လို ပေတေတေမနေနဲ့ ကလေးမဆန်နဲ့တော့နော် ပီးတော့ ကိုယ်တောင်းပန်ပါတရ် ကိုယ့်ရဲ့ကတိတွေမတည်နိုင်တဲ့အတွက် ညီခွင့်လွှတ်ပေးပါကွာအင်းပါ ခင်ဗျားလည်း ကျန်းမာရေးဂရုစိုက်ဦး ရည်မှန်းချက်တွေပြည့်မြောက်ပါစေဗျာ....
အင်းပါ အ့တာဆို ဖုန်းချလိုက်ပီညီ Good Luck
ညီသိရဲ့လား
ကိုကိုလေ ဘယ်လောက်ထိဟန်ဆောင်ရလဲဆိုတာကို ညီမသိခဲ့ဘူး
ကိုကိုလေ ညီ့ကိုအရမ်းချစ်တာ ညီ့ကို ကိုကိုမှ မုန်းလို့မရတာ
မေ့လို့လည်းမရဘူးလေ ကိုကို ဘယ်လို လုပ်ရမလဲဟင်
ကိုကိုမငိုပါဘူးညီရ ယောကျာ်းတစ်ယောက်ဘဲလေ
နာကျင်ရတယ် ရင်ဘက်တစ်ခုလုံးကို အပ်နဲ့ပေါက်နေသလိုဘဲ
အပြစ်ရှိသူ ဖြစ်ခဲ့တယ်ဆိုရင် ကိုကို ကျေအောင်ဆပ်ပါ့မယ်ညီ
တစ်ခုလောက် ဆုတောင်းပါရစေ နောင်ဘဝ လူဖြစ်ခဲ့ရင်
အရာအားလုံးကို ဥပေက္ခာပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ်မွေးဖွားနိုင်ပါစေ
ဥပေက္ခာ ပြုဖို့ကြိုးစားတော့မယ်ညီ...
ဒီဘဝမှာ မပေါင်းစပ်နိုင်တော့ပေမယ့် ကိုကို ညီ့ကိုချစ်နေမှာပါ
အ့အတွက် နောင်တမရှိပါဘူး တစ်ခုဘဲ နှလုံးသားထဲ ထာဝရသိမ်းထားပါရစေ နာကျင်ရလွန်းလို့ပါ ညီ့အတွက် ကိုကိုက
မှားခဲ့တယ်ဆိုရင်တောင် အဲ့ဒီအမှားအတွက် နောင်တတွေနဲ့ ဆက်ပီးရှင်သန်ပါရစေ ခုတော့ ကိုကိုငိုရတော့မယ်ထင်တယ်ကွာ..
........ငါလည်း အရူးဘဲ ဟား.... ညီရေ ကိုကိုရူးနေပီကွ ကိုကိုလေ ယုံကြည်နေသေးတရ် ညီ ကိုကို့ဆီ ပြန်လာမယ်မလားဟင်
ကိုကိုသိတာပေါ့ညီရ ညီက ကိုကို့ကိုအရမ်းချစ်တာလေ ပီးတော့ ကိုကို ညီပြောဖူးတာတွေ မှတ်မိသေးတယ် ဘာအကြောင်းကြောင့်မှ မခွဲဘူးဆိုပီး ညီကတိပေးခဲ့ဘူးတယ်လေကွာ ညီမေ့သွားတာလားဟင်
ညီ ပြန်စဉ်းစားကြည့်ပါဦးကွာ ကိုကို ညီနဲ့ မခွဲနိုင်လို့ပါကွာ ညီ မရက်စက်ပါနဲ့ကွာ.... ကိုကို ညီမရှိဘဲ မနေတတ်တော့လို့ပါကွာ...
ပြန်လာခဲ့ပါညီရယ် ကိုကို ကြိုးစားမှာပါညီရ ကိုကို့ကို အချိန်ခဏလေးလဲ ထပ်ပေးပါကွာ ညီကိုမချစ်လို့မဟုတ်ရပါဘူးညီရာ
..........ပြန်လာပါတော့ညီရယ်...ကိုကို လွမ်းလှပီလေ မပြန်လာသေးဘူးလားညီရာ တစ် နှစ် သုံး ငါးပြည့်လို့မှ ကိုကို့ဆီ ညီမပြန်လာသေးရင် ကိုကို တကယ်မေ့လိုက်မှာနော်
တစ်...နှစ် ....သုံး...လေး...ငါး.... ညီရေ. ဟင် ...ညီမပြန်လာတော့ဘူးဘဲ.....ကိုကိုရူးနေပီထင်တယ်.....
ဘုရားသခင် ဒီညတော့ အကျွန်ုပ်ကို ငြိမ်းချမ်းစွာ အိပ်စက်နိုင်အောင်
ဖန်တီးပေးပါ......
...
...
...
...
ညီ ဘာလိုလိုနဲ့ ညီနဲ့ ကိုကိုလမ်းခွဲ ခဲ့တာ ဒီနေ့ဆို သုံးလတောင် ရှိသွားပီနော် သတိရလိုက်တာအရမ်းဘဲ ညီရာ ယောကျာ်းတစ်ယောက်တန်မဲ့ ကိုကို ငိုခဲ့ရတယ်ညီ ...
ကိုကိုပင်ပန်းလာပီ ညီ့ကိုမချစ်တော့လို့မဟုတ်ဘူးနော်.....
ကိုကို လုပ်သင့်တာတွေ လုပ်ရတော့မယ်ညီရ
ကိုကို ညီ့အပေါ်ထားတဲ့ အချစ်တွေကို ဥပေက္ခာ ပြုလိုက်တော့မယ်
မချစ်တော့လို့မဟုတ်ပါဘူး....ကိုနာကျင်ရလွန်းလို့ပါ.....ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ...အပြစ်ရှိတယ်ဆိုရင် ကိုယ်ဘဲ ခံယူပါရစေညီ
ဒီနေ့ တစ်ရက်ပါဘဲ ဒီတစ်ရက်တော့ ညီ့ကို ချစ်ပါရစေ...
...
...
...
.....
ဪ ၁၀ နာရီတောင်ရှိနေပီဘဲ... အချိန်ကုန်တာ မြန်တယ်ကွာ...
အချိန်နတ်မင်းကြီးရယ်...ခနလောက် အချိန်လေးရပ်တန့်ပေးပါလား..
ကျွန်တော်တောင်းဆိုတာပါဗျာ ဒီဆန္ဒလေး တစ်ခုတော့ လိုက်လျောပေးပါ...၁၁း ၅၀ မိနစ်.... ညီ ကိုကိုပင်ပန်းနေပီ..
မျက်လုံးတွေ ကျိန်းစက်နေပီညီရယ်...ကိုကို အိပ်တော့မယ်နော်...
အချစ်...တကယ်တော့ နာကျင်မှုပါဘဲလား...ကိုကို့ အပြစ်တွေပါ..
အပြစ်ရှိသူက ကိုယ်ပါကွာ...ကိုကို ထပ်ပြောပါရစေ.....
ကိုကိုညီ့ကို အရမ်းချစ်တယ်....
YOU ARE READING
Perfect Ending And Beginning
Romanceငါလေ မင်းကို အရမ်းချစ်တယ်...ဒါပေမဲ့..ငါတောင်းပန်ပါရစေ... ငါမချစ်တတ်တော့လို့ပါ #ဖြိုးသီဟ ကျုပ် ခင်ဗျားကို အရမ်းချစ်တယ် သေလောက်အောင်ကိုလည်းမုန်းတယ် ဒါပေမဲ့...ဘာလို့ ခင်ဗျားကို မေ့လိုမရတာလဲ... ပြည့်စုံအောင်