2

269 32 63
                                    

ငါမှတ်မိတယ် ... သူ ငါ့ကို ချာတိတ် လို့ခေါ်ခဲ့တာ..

မိုး တဖျောက်ဖျောက် ရွာနေတုန်း စာအုပ် ဖတ်ရတာ ဝါသနာ ပါတဲ့ ကျွန်မ အခုတော့ မိုး ရွာနေပေမဲ့လည်း လက်ထဲ ဖုန်းတစ်လုံးရောက်လာပြန်တော့ စာဖတ်ဖို့ ခဏ ရပ်ဆိုင်းထားပြန်တယ်..

Social network လည်း ပထမဆုံး အသုံးပြုတာမလို့.. နည်းနည်းတော့ စိမ်း နေသား .. သို့ပေမဲ့ ကိစ္စမရှိ .. နွေရာသီ ကျောင်းပိတ်ရက်မလို့ တစ်ပတ်လောက် သုံး လိုက်ရင် အဆင်ပြေသွားမှာပါ ဟူ၍သာ စိတ်ထဲမှတ်လိုက်သည် ။

အမှန်ပင် ... တစ်ပတ်လောက်သုံးလိုက်တော့ မစိမ်းတော့... ကိုယ်ကြိုက်တဲ့ အဖွဲ့ရဲ့ fanတွေ အချင်းချင်း စကားပြောဖြစ်သည်။ ကိုယ်နဲ့ သိတဲ့ အစ်ကိုက လည်း အဲ့အဖွဲ့ရဲ့ fanတွေချည်းဘဲ ရှိတဲ့ groupထဲ ထည့်ပေးသည်။ သိပ်မကြာ အဲ့ groupက အစ်ကို တစ်ယောက် နဲ့ ကိုယ်နဲ့ chat ဖြစ်သည်။ ရောက်တတ်ရာရာ လျှောက် ပြောရင်း

' sisက အသက် ဘယ်နှ နှစ်ရှိပြီလဲ ? '

' ၁၅နှစ် ရှိပြလေ 😁 '

' ချာတိတ်လေးဘဲ "

အဲ့လို ပို့တော့ ရင်ထဲတစ်မျိုးလေး ပေမဲ့ မျက်နှာ ကို ရုတ်တရပ် ဆူပုတ် ထားမိသည်။

မှတ်မိတယ်..." ချာတိတ် " လို့ ဘဝမှာ ပထမဆုံး သူစခေါ်ခဲ့တာ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းတက်ခါနီးတော့ အဲ့social network မှာ ထုံးစံအတိုင်း Fan တွေ ရန်ဖြစ်ကြသည်။ ထုံးစံအတိုင်း ကေပေါ့အဖွဲ့အချင်းချင်း...

အော်... ဟုတ်တယ်.. ကျွန်မနဲ့ ကိုစိုင်း နဲ့ သူနဲ့က အတွဲသိပ်ညီ တာ... အသေးစား ရန်ဖြစ်တဲ့ groupလေးမှာ ဆို ကျွန်မ တို့ပါပြီးသား... ကိုစိုင်းဆိုတာ ကျွန်မ ပထမဆုံး သိတဲ့ Fanboyပေါ့

ကိုစိုင်းနဲ့သူက သိပ်အတွဲညီ... ရန်ဖြစ်ရင် အတိုင်အဖောက်က ညှိစရာမလိုဘူး.. တစ်ယောက်က စကား စလိုက်ရင် ဘာပြောရမလဲဆိုတာ သိပြီးတွေလေ... ကျွန်မ ကတော့ အစ်ကိုနှစ်ယောက် ကောက်ရသလို သိပ်ပျော်တာပေါ့...

You've reached the end of published parts.

⏰ Last updated: Oct 09, 2018 ⏰

Add this story to your Library to get notified about new parts!

အရှုံးWhere stories live. Discover now