အားလုံးကို မမှတ်မိဘူး..မင်းကိုတော့ မှတ်မိတယ်..

294 28 4
                                    

ငါမှတ်မိတယ်...

မင်း ကို ငါထိုင်နေကျ ဂိမ်းဆိုင်မှာ
အမြဲတွေ့ရတာကို ငါမှတ်မိတယ်..

မင်း ငါ့ကို အစ်ကိုလို့ခေါ်တာကို ငါမှတ်မိတယ်

မင်းငါ့နဲ့..ရင်းနှီးမှုယူခဲ့တာကို ငါမှတ်မိတယ်..

မင်း ငါ့ကို ကြည့်နေတတ်တဲ့ ခပ်စူးစူး မျက်ဝန်း
တွေကို ငါမှတ်မိတယ်..

ဘာပြောလိုက်ပြောလိုက်
ခံစားချက်မရှိဘူူးလို့ ထင်ရလောက်အောင်
ရယ်နေခဲ့တဲ့ မင်း အပြုံးတွေကို ငါမှတ်မိတယ်

မင်း မိုးရွာတဲ့နေ့တစ်နေ့မှာ...
ထုံံးစံအတိုင်း ထီးမိုးပေးရင်း..အမှတ်မထင်
ငါ့ကို ဖွင့်ပြောခဲ့တာကို ငါမှတ်မိတယ်..

မင်း ငါ့ကို ချစ်တယ်ဆိုတာကို ငါမှတ်မိတယ်..

မင်းရဲ့အကြင်နာတွေကို ငါမှတ်မိတယ်..

မင်းနဲ့ငါ့ကြား ပေါကြောင်ကြောင် အမှတ်တရ
တွေကို ငါမှတ်မိတယ်..

မင်း ကြေကွဲခြင်း မလျဉ်းမရှိဘဲ..
လမ်းခွဲစကားပြောခဲ့တာကို ငါမှတ်မိတယ်..

ရူးခါအောင် မင်းကို မုန်းခဲ့တယ်ဆိုတာ
ငါမှတ်မိတယ်..

မင်း ငါ့အပေါ်ထားတဲ့ နှစ်ချို့ရင်ခုန်သံတွေကို
ငါမှတ်မိတယ်..

မင်း..ငါ့ကို မုန်းတယ် လို့ပြောခဲ့တာကို..
ငါ..မှတ်မိတယ်..
ဒါပေမဲ့ .. မေ့လျော့ချင်ယောင်ဆောင်ခဲ့တယ်

ပြီးတော့...ငါမင်းနဲ့ ပြန်တွေ့ခဲ့တယ်..

ပြီးတော့...ငါ..
~•~•~•~•~•~•~•~•
#ခန့်ကျော်စွာ
#ဟန်သစ်လွင်

BoyLove Story ပါ..
ခံစားချက်များစွာနဲ့အသက်သွင်းထားပါတယ်..
ဖတ်ပေးတဲ့သူ တစ်ဦးတစ်ယောက်ချင်းကို
ကျေးဇူးတင်ပါတယ်..

Love You All..

With Loves , #Fanzi_6800

"I remember your Heartbeat~"Where stories live. Discover now