"မှတ်မိချင်တာကိုပဲ..ဆွဲထုတ်ပါရစေ"

250 27 72
                                    

ဒါက ရိုးရိုး အဖြစ်အပျက်တစ်ခုထက်မပိုပေမဲ့..
အစ်ကို..မင်းအပြုံးတွေကို အခုထက်ထိ
မှတ်မိသေးတယ်..

ရင်ဘတ်နှစ်ခု ရင်းတည်ထားတဲ့
အချစ် တစ်ခုကို အခုထိ ခံစားမိသေးတယ်..

မင်း သိလား..
အစ်ကိုလေ.. မင်း ကိုယ့်ကို ချစ်တယ်ဆိုတာကို မှတ်မိသေးတယ်..

ငါ တကယ် မှတ်မိတယ်.. ဟန်သစ်လွင်..~
~••~••~••~••~••~••~

"ဟိတ်ကောင်.. ခန့်ကျော်စွာ
မင်းမနေ့က ဂိမ်းဖိုးလည်း မပေးသေးဘူး.."

Dota 2 မဲခုတ်နေသော ကျွန်တော့်ကို
ဂိမ်းဆိုင်ပိုင်ရှင် အစ်ကိုက  လှမ်းပြောသည်..

အာ..ဖီးလ်ပျက်လိုက်တာ..

"ခဏ..ခဏ အစ်ကို ကျွန်တော် ကောင်းခန်း
ရောက်နေလို့.."

"မင်း ဒီနေ့ အကြွေးမှတ်ထပ်ပြောရင်..
မင်း အဖေဆီ ဖုန်းဆက်မှာနော်.."

ဟာ ကွိုင်ပဲ.. ဒီနေ့လည်း ပိုက်ဆံမပါဘူး..

"အစ်ကိုရယ်..အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ..
ကျွန်တော် တကယ်ပေးမှာပါ.."

"ဒီနေ့ပေးရင် ပေး..မပေးရင်တော့ ငါ့အဆိုးမဆိုနဲ့ကွာ.."

အာ တကယ်ပဲ..
ဆော့ရတာတောင် ဖီးလ်ပျက်တယ်..
ဟာဟာ .. ငါ့ကို ချနေပြီ..
အသက်ကလည်း နည်းနေပြီ..
မဖြစ်ဘူး..မဖြစ်ဘူး..
မရှုံးချင်ဘူး...ဒီဂိမ်းပရိုကျော်စွာလေးဟာဖြင့်
တစ်ခါမှ ရှုံးဖူးတာမဟုတ်ဘူး
မဖြစ်သင့်ပါကွာ ..
ကယ်ပါ..ကယ်ပါ..

"အား.....သွားပါပြီကွာ..."

အသံပြဲကြီးနဲ့ ထအော်မိလိုက်သည်..
မရှုံးအောင်ဆော့မဲ့စံချိန်လေးတော့ ကျိူးပါပြီ..

အဲဒါ ဂိမ်းဆိုင်ကအစ်ကိုကြောင့်..

"အစ်ကိုရာ..ကျွန်တော့်ကို အဖေနဲ့ ခြောက်လို့
ကျွန်တော်ရှုံးပြီ.."

"လာ မစားနဲ့ ဟိတ်ကောင်..
မင်း ဘာသာ အစကတည်းက..
ရှုံးတော့မှာကြီးကို"

"ဘယ်လိုဖြစ်ဖြစ်ဗျာ.."

"ဒါတွေထားစမ်း.. ဂိမ်းဖိုးပေး..
တစ်နာရီ ငါးရာ..
မင်းဆော့တာသုံး နာရီဆိုတော့
ထောင့်ငါးရာ..မနေ့က ငါးနာရီလုံးဆော့တာ
နှစ်ထောင့်ငါးရာ..
စုစုပေါင်း.. လေးထောင်..ပေးကွာ.."

"I remember your Heartbeat~"Where stories live. Discover now