Cute,Caring Boyfriend

1.3K 85 6
                                    

Your P.O.V

ကျမအခုထိ JungKook ကိုအ​ဖြေပြန်​​ပေးဖို့ခဲယဉ်း​နေမိတယ်

ထပ်​ပြီးလှည့်​စားခံရမှာစိုးရိမ်​​မိတယ်

JungKook က​တော့ကျမကိုသူ့ချစ်​သူလိုသ​ဘောထားဆက်​ဆံ​တော့ကျမလဲခွင့်​ပြု​ပေးထားပါတယ်​​လေ

တစ်​ခါတစ်​ခါကျ ကျမနဲ့သူနဲ့ အမြဲရန်​ဖြစ်​ရတယ်

ဘာလို့လဲဆို​တော့ ကျမကတခြား​ယောက်ျား​လေး​တွေနဲ့စကား​ပြောရင်​သူ့မှာသဝန်​တိုရတာနဲ့
သူကလဲတခြား​ကောင်​မ​လေး​တွေနဲ့​အ​ရောတဝင်​​နေရင်​သဝန်​တိုရတာ​ကြောင့်​​ပေါ့

အခုထိသူ့ကိုအ​ဖြေမ​ပေးရ​သေး​တော့ကျမတို့သူငယ်​ချင်းအဖြစ်​နဲ့ဘဲခပ်​​ချေ​ချေပြန်​​နေ​နေရတယ်

အခုချိန်​ကျမနှလုံးသားထဲမှာသူရှိ​နေပါပြီလို့​ပြောလိုက်​ရင်​သူထခုန်​မတတ်​​ပျော်​​နေမှာမြင်​​ယောင်​မိတယ်

သူ့ကို​ပြောဖို့အ​ခြေအ​နေ​စောင့်​ကြည့်​ရဦးမယ်​လို့ကျမထင်​မိတယ်

ဒီ​နေ့​ကျမတို့​ကျောင်းသား​တွေအ​ပျော်​ဆုံး​နေ့တစ်​​နေ့ဖြစ်​တယ်

ဒီ​နေ့ကကျမတို့​ကျောင်းသား​တွေရဲ့​နောက်​ဆုံး​ကျောင်းတက်​ရမယ့်​​နေ့ဘဲ

မနက်​ဖြန်​ကစပြီးအထက်​တန်း​ကျောင်းသားဘဝက​နေတက္ကသိုလ်​​​​ကျောင်းသားဘဝကို​ပြောင်း
ကြရ​တော့မယ်

ကျမတို့​ကျောင်းသား​တွေအသီးသီးကိုယ်​တက်​ချင်​တဲ့ uni ကို​လဲ​ရွေးပြီးသွားကြပြီ

ကျမနဲ့ Mina က​တော့ acting ပိုင်းစိတ်​ဝင်​စား
ပြီး BTS တို့က​တော့ idol ဖြစ်​​အောင်​လုပ်​ချင်
ကြတယ်

ကျမတို့အနုပညာသင်​တန်း​ကျောင်းဖြစ်​တဲ့ SOPA (School of Performing Arts) မှာတက်​ဖို့ဆုံးဖြတ်​ထားတယ်

စိတ်​မ​ကောင်းစရာက Min Jae တို့​လေး​ယောက်​က​တော့တခြား uni မှာတက်​ကြမှာ

နောက်​ပြီး Chorong က​တော့သူ့မိဘ​တွေ London ကိုပညာသင်​သွားဖို့စီစဉ်​​နေကြတယ်

Playing me? BTS-Jungkook (Completed)Where stories live. Discover now