ကျွန်မအတွက်...ချယ်ရီပင်နဲ့ တီးလုံးသံလေးက အမှတ်တရ တခုခု ရှိသလိုဘဲ.......
ဟော.....အခုလည်း ချယ်ရီပင်တွေကို မြင်နေရပြန်ပြီ ကျွန်မအတွက်တော့ ဒီမြင်ကွင်းက မထူးဆန်းလှပါဘူး.........ဒီလိုမြင်ရတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်....ရင်းနှီး ပြီးသားဖြစ်သော်ငြားလည်း ချယ်ရီပွင့်ဖတ်လေးတွေ တဖြည်းဖြည်း ချည်း ကြွေဆင်းလာတဲ့ မြင်ကွင်းလေးကို ကျွန်မ ငေးကြည့်မိနေတုန်းဘဲ...
လေညင်းတို့က နှေးကွေးစွာ တိုက်ခတ်ခြင်းနှင့်အတူ
နောက်ထပ်သောအရာ တစ်ခုကို ဖိတ်ခေါ်လိုက်တယ်...တေးသွားတစ်ခု....နူးညံ့ သော သာယာသော တေးသွားတစ်ခု...တစတစကြားလာရတယ်
ဒီတေးသွားရဲ့ ပိုင်ရှင် ကဘယ်သူလဲ...? ? ?ကျွန်မ တေးသွားနောက်ကို လိုက်သွားလိုက် တယ်
တေးသွားကို တဖြည်းဖြည်း နဲ့ပိုကြားလာရပြီ
ဟုတ်တယ် ဒီလမ်းအတိုင်း ဆက်သွားရမယ်
သွားရင်း သွားရင်း နဲ့ သူက ကျွန်မနဲ့ ပိုနီးစပ်လာသလိုဘဲ...ဒီအတိုင်းပဲ ဆက်သွားမယ် နည်းနည်းလေး ဘဲဆက်က်သွားလိုက်အုံး နည်းနည်းလောက် လေးပဲ....
.
.
.
.
.
ကျွန်မ ကို တယောက်ယောက်ခေါ်လိုက်သလိုဘဲ
ကျွန်မ လှည့်ကြည့်လိုက်တယ်...ဒါပေမဲ့ ကျွန်မ ဘာမှမမြင်ရတော့ဘူး...အလင်းရောင်တွေမရှိတော့ဘူး....ကျွန်မ အမှောင် ထည်းရောက်နေတယ်
ကျွန်မကိုကျွန်မ မကြောက်ဘူးလို့ တောင့်ခံနေပေမဲ့
စိုးရိမ်စိတ်တွေ ထိန်လန့် စိတ်တွေက ကျွန်မကို လွှမ်းမိုးလာတယ်.........တဖြည်းဖြည်းနဲ့ ကျွန်မ မွန်းကျပ်လာတယ်.......
ကျွန်မ ဒီနေရာမှာဆက်မနေနိုင်တော့ဘူး..
အရမ်းမွန်းကျပ်လာတယ်...ဒါ အိပ်မက်ဆိုးလား? ?
အိပ်မက် ဆိုရင်လည်းနိးထလိုက်ပါတော့......
ကျေးဇူးပြုပြီး....နိုးထလိုက်ပါတော့....ဒီအိပ်မက်မျိုးထပ်မမက်ပါနဲ့တော့...ကျွန်မ ဒီမှာ မနေချင်တော့ဘူး!!!!!!!-
-
-
"Huh!!!......"ကောင်မလေး တစ်ယောက် ပင့်ရှိုက်သံနှင့်အတူ နိုးထလာတယ်
Her POV:
ဘာလဲ ...ထက်မက်ပြန်ပြီလား? ? ?ကိုယ့်ကိုယ်ကို အလိုမကျသလိုနှင့် စိတ်ထဲကနေမေးနေသည်
Her pov: ဒါက အိပ်မက်ဘဲလား...အိပ်မက် သက်သက်ဘဲလား...? ? ?
သူ့ကိုယ်သူမေးခွန်းထုတ်မိသည်
ဒါပေမဲ့ အဖြေမထွက်ခဲ့. စဉ်းစားမရတဲ့အဆုံး သူမ စိတ်ဓာတ်ကျစွာနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်ကာ မေးခွန်း တွေကို အရှုံးပေးလိုက်တယ် သူမအတွေးထဲတွေထဲကနေ ဒီအကြောင်းတွေကို နှုတ်ဆက်လိုက်တယ်...နာရီအားကြည့်မိတော့ မနက် ၃နာရီ
ပြန်အိပ်ဖို့ကလည်း စိတ်မပါတော့...
ဒီ အိပ်မက်ဆိုးမက်မှာကို သူမကြောက်ရွံနေသည်
တခြားသော သူ တို့အတွက် အိပ်ယာ ဟုခေါ်ဖို့ အတွက်ပင် မပီသသော နွမ်းနွမ်းလှလှ အခင်းတို့အပေါ်တွင် သူမ ထိုင်ကာ စဉ်းစားနေသည်အတော်ကြာပြီးတော့မှ သူမဆုံးဖြတ်ချက်တခုခုကို ချလိုက်သည်.
.
.
.
.
.
.
.
.
·အိတ်တအိတ်ကို လွယ်ကာ
အပြင်ထွက်ဖို့ပြင်နေတုန်း..." ဟဲ့...သမီး...ဘယ်သွားမလို့လဲ "
Her pov: huh!..[ သူမ မဲ့ပြုံးပြုံး လိုက်သည်]
လူ့လောက ဆန်းပြားလှချည်လား ဒီနေ့တစ်မျိုး မနေ့ကတစ်မျိုးနဲ့" အဒေါ်ကြီးမနေ့ကပြောသလိုဘဲ ကျွန်မဒီနေ့ ထွက်သွားမလို့လေ"
"အမယ်လေး...သမီးရယ်...အဲဒီလိုပြောမိတာကို ဗွေမယူပါနဲ့ ကွယ်...အန်တီက သမီးကို ထွက်သွားခိုင်းတယ်ရယ်လို့လဲမဟုတ်ပါဘူး..."
Her pov: ဘာတေလဲဟ မနေ့ကဘဲ ပိုက်ဆံမရရင်ဘဲ လူသတ်တော့မဲ့ အတိုင်း ဖြစ်နေတဲ့ လူက ဘာတွေလာပြောနေတာပါလိမ့်
" ဘာပဲဖြစ်ဖြစ် ကျွန်မမှာ အန်တီလိုချင်တဲ့ ပိုက်ဆံ မရှိဘူး အဲ့တော့ အိမ်လခက ပေးနိုင်မှာ မဟုတ်ဘူး
ကျွန်မ လည်း အလကား နေမဲ့ လူစားမျိုးမဟုတ်ပါဘူး အခုချိန်အထိ ဒီမှာ နေခဲ့ရတဲ့အတောအတွင်းကကျေးဇူးတွေကို မမေ့ပါဘူး အားလုံးကောင်းကောင်းနေခဲ့ပါ သွားလိုက်ပါအုံးမယ်"

YOU ARE READING
Cherry Coffee
Fiksi PenggemarCherryဟာ အနံမရှိသလို Cherry coffeeဟာလဲအနံမရှိနိုင်ပါဘူး ဒါပေမဲ့ သူ့အရသာကရော.... .. .. .. သောက်ကြည့်မှ သိမှာပေါ့