Dear 9

201 20 0
                                    

တခါတ​လေကျ​တော့
မင်း​ကို​သေချာကြည့်​ပြီး​တွေးမိတယ်
ကိုယ့်​ရဲ့အချစ်​​တွေက
ပြူးတယ်​လို့မဆိုသာတဲ့မင်းရဲ့မျက်​လုံးဝိုင်း​လေး​တွေထံမှာတည်​သလား
နှစ်​​ယောက်​မရှိနိုင်​တဲ့နှာ​ခေါင်းလုံးလုံး​လေး​တွေဆီမှာလား
ဒါမှမဟုတ်​ အသည်းပုံနှုတ်​ခမ်း​လေးရဲ့အဖျားမှာလား
ဖောင်းအိ​နေတဲ့ပါး​လေးနှစ်​ဖက်​အထက်​မှာလား
ဒါ​ပေမယ့်
အ​ဖြေထွက်​လာတာက
ကိုယ့်​အချစ်​​တွေဟာ မင်းဆိုတဲ့လူသား​လေးရဲ့ဖြစ်​တည်​မှုမှာတည်​တယ်​။
အမည်​နာမ​တွေ ဂုဏ်​ပုဒ်​​တွေ ဘာမှမပါတဲ့
မင်း ဆိုတဲ့ဖြစ်​တည်​မှု
မင်း ဆိုတဲ့ရှင်​သန်​မှု ​ပေါ်မှာပဲတည်​တယ်​။
ရှင်းရှင်း​လေးပါပဲ
ကိုယ့်​ရဲ့အချစ်​​တွေဟာ မင်းဆီမှာတည်​ရှိတယ်​။🐧

Feeling for him💖Where stories live. Discover now