First time
"အမလေး ကျွတ်ကျွတ်ကျွတ် နာလိုက်တာ နာလိုက်တာ ဆိုတာလေ အားးစ် ဘယ်လိုပြောရမလဲ မသိဘူး "
ညဉ့်နက် သန်းခေါင် အဝေးပြေးလမ်းမပေါ်တွင် အဒေါ်ကြီးတစ်ယောက် မြည်ကြွေးနေသောအသံ မှောင်ထဲမည်းထဲမှာ ခရီးဆောင်အိပ်တစ်လုံးကိုကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်ရင်း အော်နေခြင်းဖြစ်သည်
ဗိုက်ပူပူကြီးကိုလည်းပွတ်ရင်းး
"အမလေး သားရဲ့သမီးရဲ့ သားလားသမီးလားမသိတဲ့ ဗိုက်ထဲကကျေးဇူးရှင်ရေ ခဏလောက်စောင့်ပါဦး နာလိုက်တာဟာ မမွေးသေးဘူး မအေကိုကျေးဇူးဆပ်နေတာ ဟွန်းဟွန်းအား ကျွတ်ကျွတ်နာလိုက်တာဟာ ဘယ်လိုပြောရမှန်းမသိဘူး pillow pillowပဲဟေ့ ဟိုသူတောင်းစားကလည်းခုထိပြန်ပေါ်မလာဘူး ခိုင်းမိတာမှားပါတယ် "
တစ်ယောက်တည်းရွေရွတ်ကျိန်ဆဲရင်း မခံနိုင်တော့သည်ထင့် နံဘေးက မြေကြီးမို့မို့ပေါ်ထိုင်ချလိုက်သည်
အသက်ကိုဝဝရှုရင်းညကြီးသန်ခေါင်ဖြစ်နေသော်လည်း
တစ်ယောက်တည်းအလုပ်ရှုပ်နေသည်က တင်မာဝေ
ကိုယ်ဝန်အရင့်အမာရှိနေသည်ကိုပင်မမှုပဲ လုပ်ငန်းကိစ္စကြောင့်ရန်ကုန်ကနေ ပုသိမ်ကိုဒုန်းစိုင်းပြီးပြေးလာရတာခုမှပြန်ရမည်
ကံကကောင်းချင်တော့ကားကပျက် အဖော်ပါလာတဲ့မြွေပွေးလေးကလည်းသုံးစားမရ အခုအနားနားကဆိုင်တစ်ဆိုင်မှာကားသွားမေးခိုင်းတာပေါ်မလာတော့
အဲ့ဒီကောင်ကလည်း ဟိုအလုပ်ကလူတွေကဖင်ပေါ့တယ်ဆိုပြီးခိုင်းလို့ရအောင် ထည့်ပေးလိုက်တာ
ဘာဖင်ပေါ့တာလဲ သောက်တလွဲဖင်ပေါ့တာ မီးခြစ်ဝယ်ခိုင်းတာကို မီးခြစ်မရှိလို့ဆိုပြီး ငုံးဥပြုတ်တွေဝယ်လာလို့ဝယ်လာ ဒေါ်ကြီးစားချင်နေမယ်ထင်လို့တဲ့ ပြီးတော့သူ့ဘာသာသူပျို့အန်မတတ်နင်းကန်စားသည်အရေးထဲမူးလို့ဆိုပြီးရှုဆေးဝယ်ပေးရသေးသည် ဒုက္ခသူ့ကိုခိုင်းဖို့ခေါ်လာတာကို ကိုယ်ကဗိုက်တစ်ဖက်နှင့်သူ့ကိုပြန်ပြုစုနေရသည်
အလုပ်မှာလည်းသူကသာဆရာကြီးဘယ်သူမှသူ့လောက်မတတ် သူ့လောက်နားမလည် ပိုင်ရှင်ဦးခင်မောင်ကိုတောင်သူကဆရာပြန်လုပ်ချင်တာ ဦီးခင်မောင်လည်းသူ့ကိုလက်မြှောက်ထားပုံရ၏