#zawgyi
.Joy် သူ့ချစ်သူကို စိတ်ဆိုးပြီး စကားမပြောတာ တစ်ပတ်လောက်ရှိနေပြီလေ....
Roseမှာလည်း သူ့ချစ်သူကို စကားသွားပြောပြီး တောင်းပန်ဖို့ ကြိုးစားတာ ခဏခဏ.....
Rosမှာ သူ့သူငယ်ချင်း Jisooကို သွားရှာပြီး ဘာလုပ်ရမှန်းမသိလို့ အကြံသွားတောင်းလေသည်။
Jisoo အတန်းမပြီးသေးလို့ အပြင်မှာ ရပ်စောင့်ရသေးသည် .....
Jisoo အတန်းပြီးလို့ အပြင်လှမ်းကြည့်တော့ မျက်နှာငယ်လေးနဲ့ သူ့ကို ကြည့်နေတဲ့ Rosကို တွေ့လိုက်ရသည်
"Ros....Wae ဘာဖြစ်လို့လဲ.. ..."
Jisoo အတန်းထဲက ထွက်လာကာ Rosကို ဖက်ပြီး မေးလိုက်သည်Jisooလည်း သူ့ကို ဖက်ရော Rosမှာ ငိုနေ၏
"Ros....wae.....ဘာလို့ ငိုနေတာလည်း မငိုပါနဲ့ ......"
Lisa အတန်းထဲက ထွက်လာတော့ Jisoo ကို ဖက်ကာ ငိုနေတဲ့ Rosကို တွေ့လိုက်ရသည်
Ros နဲ့ အကြည့်ချင်း Lisa ချက်ချင်း အကြည့်ကိုလွှဲပစ်လိုက်သည်
Rosလည်း Jisoo ကို ကန်တင်းကို ခေါ်သွားလေသည်
Rosတစ်ယောက် ငိုပြီး သူနဲ့ Joyအကြောင်းတွေ ပြောပြလေသည်
"ငါက ကြောက်ဖို့ ကောင်းတဲ့ ချစ်သူနဲ့ တူတယ်မလား....."
"အမှားလေး တစ်ခုလုပ်မိတာနဲ့ အဲ့လိုမပြောပါနဲ့ဟယ်....."
"Jennie နဲ့ နင်ရော ရန်ဖြစ်ကြလား... "
Jisoo တစ်ချက်တွေးလိုက်ပြီး
"ဟင့်အင်း အခုထိတော့ သူနဲ့ရန်မဖြစ်ဖူးဘူး...."Jisoo ရဲ့ အဖြေကြောင့် Ros ထပ်ငိုပါလေရော....
"ဟဲ့ နင်ကလည်း ငါတို့် စုံတွဲနဲ့ နင်တို့နဲ့ ဘယ်တူမှာလည်း ပြီးတော့ လူအမျိုးမျိုး စုံတွဲအမျိုးမျိုးရှိတယ်လေ မငိုပါနဲ့... ..."
Jisoo နောက်ဆုံးမှာ အသဲကွဲနေတဲ့ သူ့သူငယ်ချင်းကို သူ့အိမ်ခေါ်သွားကာ ရုပ်ရှင်တွေညလုံးပေါက်ကြည့်ရင်း ပျော်အောင်လုပ်ပေးလိုက်သည်