ကိုယ်ကလေးကိုချစ်တဲ့အချစ်ကဘာနဲ့မှနှိုင်းယှဉ်မရဘူး!
ကလေးကိုချစ်တဲ့ကိုယ့်အချစ်ကဖြူစင်တယ်!
တခါတလေ အရောင်ဆိုးမိတဲ့အခါတောင်
ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံးဘူး!ကလေးဟာဘယ်လိုမှလှမ်းမမှီနိုင်တဲ့ကြယ်ပွင့်လေး!
တခါတလေကိုယ့်ဘဝကိုယ်မသိပဲသဝန်တိုမိတယ်!အချစ်တစ်ခုကလွဲရင်ဘာမှမပေးနိုင်တဲ့ကိုယ့်ကိုကိုယ်စိတ်ပျက်မိတယ်!အချစ်ပဲပေးနိုင်တယ်ဆိုတာတောင် ကိုယ်အပြည့်အဝမပေးနိုင်ဘူး!
ကိုယ်အရင်ဘဝက အကုသိုလ်ဘယ်လောက်တောင်များခဲ့မလဲ!
ကိုယ်ချစ်တဲ့သူကိုယ်တောင် တွေ့ခွင့်မရဘူး!
အနာဂတ်ဆိုတာကို အလေးမထားတဲ့ကိုယ် ကလေးနဲ့တွေ့မှ အနာဂတ်နဲ့ပန်းတိုင်ဆိုတာရှိလာပြီး ကိုယ့်အတွက်ခွန်အားတွေဖြစ်ခဲ့ရတယ်!အဲ့အတွက်ကျေးဇူးတင်လို့မဆုံးဘူး!
ကိုယ်ကလေးကို သိပ်ချစ်တယ်;ဒါပေမယ့် sensitive မဖြစ်ဘူး!
ဘာလို့ဆိုရင်ကိုယ့်ကလေးကို လူမုန်းများမှာစိုးလို့(ကိုယ့်အတွေးပါ) လူဆိုတာ ကိုယ့်ထက်သာရင်မနာလိုတဲ့သူတွေက ခပ်များများလေ! ကိုယ့်နိုင်ငံမှာပိုဆိုး!ချစ်တယ်လို့သာပြောနေတာ ကိုယ် ကလေးအကြောင်းကို အခုထိအပြည့်အစုံမသိသေးဘူး!
အဲ့တာကြောင့်လဲ ရှက်ရွံ့မိတယ်!
အဘက်ဘက်ကလိုအပ်ချက်တွေ
များလွန်းတဲ့ကိုယ့်အတွက် ကလေးကို
တွေ့နိုင်ဖို့ရာခက်ခဲလွန်းတယ်!
တစ်နေ့တော့ရောက်အောင်လာမှာပါ!ကိုယ်ကလေးကိုစချစ်မိတည်းက ကိုယ့်ရဲ့အနာဂတ်နဲ့ဖြစ်တည်မှုအားလုံး
ကလေး"Park Chanyeol"ဆိုတဲ့အကြောင်းအရာတစ်ခုတည်း'
ကိုယ်ကလေးရဲ့ပါးလေးကို fanတစ်ယောက်ကထိတော့ အားကျမိတယ်,ကိုယ်လဲထိတွေ့ခွင့်ရချင်တယ်!
ဒါမဲ့ ကိုယ်အဲ့လောက်ထိ မဝင့်ရဲဘူး!
ထိတွေ့ခွင့်ရချင်တာပေါ့ ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးရတဲ့ ကိုယ့်ကလေးရဲ့အစိတ်အပိုင်းလေးကို!
မတန်မရာ ကိုယ်မျှော်မှန်းလွန်းတယ်လို့မြင်မိတယ်!
ကလေးရဲ့ ခြေဖမိုးလေး ခြေဖဝါးလေးကစ ကိုယ့်အတွက် အဖိုးထိုက်တန်လွန်းတယ်!
ကလေးရဲ့ ခြေဖမိုးလေးတော့ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် မြတ်မြတ်နိုးနိုး ဦးခိုက်ပြီးတော့ နမ်းခွင့်ရချင်တယ်!
တစ်စက္ကန့်လေးလောက်ပဲဆိုရင်တောင် ကိုယ် အဲ့လောက်တော့ လောဘကြီးချင်မိတယ်!
3:08 P.M.
