*...Hyung အဲ့ဒီရှေ့အိမ်ကလူတွေနဲ့မပတ်သတ်ပါနဲ့လား?*
*...ဟမ် ဘာဖြစ်လို့လဲ Sehun မင်းလဲသူတို့နဲ့
တခါတွေ့ဖူးတယ်မလား မင်းသွားပေးမယ်ပြောတဲ့
ပိုက်ဆံအိတ်က Luhanဆိုတဲ့
ကောင်လေးရဲ့အိတ်လေ...ပြီးတော့ မင်းတို့က
တကျောင်းတည်းဆို**......ဟုတ်တယ် ဟုတ်ပေမဲ့......ကျွန်တော်
သူတို့နဲ့မပတ်သတ်ချင်ဘူး Hyungကိုလဲ
မပတ်သတ်စေချင်ဘူး...ကျွန်တော့်စကားကို
နားထောင်ပေးပါ**......ဒါပေမဲ့.........
*တော်တော့ Minseok Hyung ကျွန်တော်
စကားမများချင်ဘူး..."ဟူးးး........."
မနေ့ညကဖြစ်ခဲ့သည့် သူနှင့်Sehunကြားမှ
ကတောက်ကဆတခုကိုပြန်တွေးမိရင်း စိတ်ရှုပ်ထွေး
စွာဖြင့် သက်ပြင်းတချက်ချလိုက်မိသည်။နှစ်နှင့်ချီ၍သူသိကျွမ်းခဲ့သော Sehunသည်
လူတွေနဲ့ပတ်သတ်ရေးမပတ်သတ်ရေးကို အရေးတယူ
လုပ်စဉ်းစားခဲ့သူမဟုတ်။
မကြိုက်လျှင် သဘောမတွေ့လျှင် ထိုအချင်းအရာကို
ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ရုံကလွဲလို့
အလိုက်အထိုက်ဆက်ဆံနေထိုင်တတ်ပြီးအားလုံး
နှင့်သင့်မြတ်အောင်နေတတ်သူဖြစ်သည်။ခု ဒီကောင်လေးနှစ်ယောက်နှင့်ပတ်သတ်ကာမှ
Sehun မူပျက်နေသည်။ ဒါကို Minseok
ကောင်းကောင်းရိပ်မိသည်။မနက်အတန်းချိန်မမှီမှာဆိုးသည်ဆိုကာ လိုက်မပို့မခံပဲ အစောကြီးထထွက်သွားသည့်Sehunကို
ဖုန်းဆက်ရကောင်းနိုး မကောင်းနိုး Minseok
ကသာ တွေဝေနေပေမဲ့ Sehunဘက်မှ message
တစောင်တောင်ပို့မလာခဲ့သေးပါ။ဆေးရုံမသွားခင်နောက်ဆုံးနှစ်ကျောင်းသားတွေကို
အတန်းတတန်းဝင်ပေးဖို့ရှိနေသေးပေမဲ့ Sehunကြောင့် Minseokစိတ်တွေ ရှုပ်ထွေးနေရသည်။
သူ့အလာကိုစောင့်နေမည့်ကလေးတွေအား
အားနာမိသော်လည်း ဒီပုံအတိုင်းဆို သူ
စာပင်သင်နိုင်ပါ့မလား"tsk......အရေးမပါလိုက်တာ Kim Minseokရာ
ဒီပုံအတိုင်းဆို မင်းဘယ်လိုလုပ်မလဲ?"မကျေမချမ်းရေရွတ်လိုက်ပြီး သက်ပြင်း
တချက်ချမိပြန်ပါသည်။
စာသင်ပျက်တာကိစ္စမရှိလောက်ပေမဲ့ ဆေးရုံရောက်တဲ့အထိဒီစိတ်အာရုံတွေထွေပြားရှုပ်ထွေးနေရင်
ပြဿနာတက်သွားနိုင်သည်။