အညာရယ်​ ပိ​တောက်​ရယ်​ ​တောင်​ဇလပ်​ရယ်

853 71 56
                                    

ပိ​တောက်​ပန်း​တွေ ပွင့်​ဖူး​နေချိန်​မှာပဲ သူ ကျွန်​​တော်​ဘဝထဲကို ဝင်​​ရောက်​လာခဲ့တယ်​။

ပိ​တောက်​ပန်း​တွေ ပွင့်​ဖူး​နေချိန်​မှာပဲ သူ ကျွန်​​တော်​ဘဝထဲက ထွက်​ခွာသွားခဲ့တယ်​။

ဒီပိ​တောက်​ပန်း​တွေ....
ဟောဒီက ဝါဖန့်​ဖနိ့ပိ​တောက်​ပန်း​တွေ...

ဒါ​တွေဟာ ​နွေရာသီရဲ့ အံဩဖွယ်​ လက်​​ဆောင်​မွန်​လား။
ပူပြင်းလွန်းတဲ့​ နွေရာသီမှာ ​​လောကကမ္ဘာ​မြေ​ ​အေးမြ​အောင်​ လုပ်​​ပေးတဲ့​ ​နွေဦးမိုး​လေးနဲ့ ​ရောက်​ရှိလာခဲ့တဲ့ ​ရွှေဝါ​ရောင် ပိ​တောက်​ပန်း​တွေ..။

ကိုယ်​ဟာ အညာ​မြေက ပိ​တောက်​​ရွှေဝါဆို ချစ်​ဦးသူက ချင်း​တောင်​တန်း​တွေ​ပေါ်က ​တောင်​ဇလပ်​နီ..။

~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်​ဟာ ​နွေဦးမှာရွာတဲ့ သင်္ကြန်​မိုး​လေးလိုပဲ မ​ပြောမဆိုနဲ့​ရောက်​ချလာခဲ့တယ်​။

ဖွဲ​ဖွဲ​လေးရွာ​နေရုံ မဟုတ်​ဘဲ သည်းသည်းမဲမဲကိုရွာ​နေ​သော သင်္ကြန်​မိုးသည်​ အိပ်​မရ​အောင်​ ဆူညံ​နေသည်​။ မိုးသံ​ကြောင့်​ နိုးလာ​သော ငြိမ်း​မောင်​သည်​ ကုတင်​​ပေါ်မှဆင်း၍ အိပ်​ခန်းပြတင်းကို ပိတ်​လိုက်​၏။ ကုတင်​​ဘေးမှ​ ​ရေတစ်​ခွက်​ကို ယူ​​သောက်​လိုက်​ရင်း ကုတင်​​ပေါ် ပြန်​ထိုင်​လိုက်​သည်။ ​ခေါင်းအုံး​အောက်​မှ ဒိုင်​ယာရီစာအုပ်​အညို​လေးကို ထုတ်​ကာ ဖတ်​မိပြန်​သည်​။

ပထမဆုံးစာရွက်​တွင်​ လက်​​ရေးခပ်​​သော့​သော့ဖြင့်​​ ​ရေးထားသော မှင်​နက်​​ရောင်​စကားလုံးများ...။

>>>ပိ​တောက်​ပန်း​တွေ ပွင့်​ဖူး​နေချိန်​မှာပဲ သူ ကျွန်​​တော်​ဘဝထဲ ဝင်​လာခဲ့တယ်။<<<

မြန်​မာသက္ကရာဇ်​ (၁၃၄၅)ခုနစ်​ တန်​ခူးလ..။
(ခရစ်​နှစ်​ - ၁၉၈၄ခုနစ်​)

ဒီနှစ်​ သင်္ကြန်​မိုးသည်​ ​စောစီးစွာပတ်​ဖျန်း၏။ ပတ်​ဖျန်းသည်​​ဟုလည်း မ​ဆိုနိုင်​။ သည်းထန်​စွာ ရွာသွန်းဖြိုး​လေ၏။ ​သေချာ၏။ ဒီ​နေ့ည​တော့ အိပ်​​ကောင်းခြင်းနှင့်​ အိပ်​ရ​ပေ​တော့မည်​။ မနက်​ဖြန်​​တော့ သင်္ကြန်​မိုးနှင့်​အတူ ပိ​တောက်​ပန်းတို့လည်း တစ်​လမ်းလုံးပွင့်​​တော့မည်​။ ငြိမ်း​မောင်​ မနက်​ဖြန်​​တော့ ပိ​တောက်​ပန်းခူးကာ ဘုရားကပ်​ရ​တော့မည်​။

Ka Lo Duh , Sokhlei ||ချစ်​လွန်းပါသည်​ ​တောင်​ဇလပ်​နီ||Where stories live. Discover now