ဒုတိယ?
ကိုယ်အတွက်သိပ်ကိုမြင့်မားလွန်းတဲ့နေရာတစ်ခု?
ဒီနေရာကိုကိုယ်ရခဲ့တယ်တဲ့လား။
ပျော်တာထက်ပိုတယ်။
ချစ်တယ်လို့မပြောအောင်လုပ်ခဲ့တဲ့ ကိုယ့်ကိုလူဆိုးကြီးလို့သမုတ်ကြလေမလားတော့မသိ။
ချင်းတိုင်းရင်းသားလေး ငယ်ရဲ့နာမည်ကိုမပြောခဲ့တဲ့ကိုယ်ကိုလျို့ဝှက်လွန်းတဲ့လူကြီးလို့သတ်မှတ်ရင်လည်းမတတ်နိုင်။
တခါတလေ ဖွင့်ဟလိုက်တာထက် မပြောဘဲနေတာကိုပိုတန်ဖိုးကြီးနေတတ်လို့ပါ။
ဒါပေမယ့် ကိုယ်ကျေကျေနပ်နပ်ကြီးအဆုံးသတ်ခဲ့ပါတယ်။ Ka Lo Duh Sokhlei (ကာလိုးဒု ဆော့ခလီ / အသံထွက်အများစုကမှားထွက်ကြလို့ xD)
ချင်းလူမျိုးငယ့်ကို ချင်းလိုပဲ သူချစ်ရေးဆိုပါလိမ့်မယ် အကယ်၍ ဖလမ်းမြို့လေးမှာရှာတွေ့ခဲ့ရင်ပေါ့။
ချစ်တယ် ။
ကိုယ် ငယ့်ကိုလည်းချစ်တယ်။
ကိုငြိမ်းမောင်ကိုလည်းချစ်တယ်။ဘာမှမဟုတ်သေးတဲ့ပိစိနောက်တောက်သေးသေးပိကျိလေးကိုယ့်ကို အားပေးကြတဲ့စာဖတ်သူလေးတွေကိုပိုချစ်တယ်။
ကိုယ်ဒီပြိုင်ပွဲမှာ ဒုတိယရတာ ချစ်သောစာဖတ်သူလေးတွေကို ချင်းပြည်ရဲ့အလှ ၊ မန္တလေးရဲ့သင်္ကြန် ၊ အချစ်ဟာအချစ်ပဲဆိုတဲ့ပုံပြင်လေးတစ်ပုဒ် ကို စာဖတ်သူတို့ဆီပို့ပေးချင်ခဲ့တဲ့ဆန္ဒကြောင့်ရယ်ပါ။
အချစ်ဆိုတဲ့မြစ်ကြောင်းကြီးမှာ တူတူမျော်ကြတာပေါ့။ ဒါပေမယ့် ပဲ့ကိုတော့မရမ်းလိုက်နဲ့ ။ ကမ်းနဲ့တိုက်မိလိမ့်မယ်။ အချစ်ရေကြောင်းအတိုင်းပဲလိုက်ခဲ့ပါ။ မင်းချစ်တဲ့သူကိုမြစ်ကြီးအဆုံးကျတွေ့ပါလိမ့်မယ်။
Ka Lo Duh , Sokhlei
ချစ်လွန်းပါသည် တောင်ဇလပ်နီ
May 15 ,2018
Yurui San
YOU ARE READING
Ka Lo Duh , Sokhlei ||ချစ်လွန်းပါသည် တောင်ဇလပ်နီ||
Historia Cortaအညာရယ် ပိတောက်ရယ် တောင်ဇလပ်ရယ်