[Zawgyi]
" စိတ်ကို စုစည်းထား..သား.. လွှင့်မနေစေနဲ့..
ဖာသာတို့က တရားစာရွတ်ပေးမာမို့လို့.. ကိုယ့်ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့.. ကြိုးစားပါ.. "Baek: Nae..
ဖာသာတို့ ပြောတာကို နားလည်ပေမယ့်.. စိတ်မလှုပ်ရှားပဲ.. ဘယ်နေမလဲ.. ရင်ထဲမာ ငိုချင်သလိုလိုနဲ့.. ဘယ်လိုကြီးမှန်းကိုမသိဘူး.. အဲ့ဒါကြောင့်.. အဖွားနားကနေ ထပီး.. Chanyeol လက်ကို သွားကိုင်ထားလိုက်တယ်..
ပထမတော့ Chanyeol တယောက်သာ မြင်တဲ့ ကျွန်တော့ကို ဖာသာတွေက ပြုံးပီး စိုက်ကြည့်နေကြတော့ အံ့သြသွားတယ်.. နောက်ပိုင်းမှ နားလည်လိုက်တာက.. ကျွန်တော်တို့ အယူအရဆိုရင်ဖာသာတွေဆိုတာ ခရစ်တော်က စေလွှတ်ထားတဲ့ တမန်တော်တွေဆိုလည်း မမှားဘူးလေ.. ဒါကြောင့်.. အစွမ်းရှိပီး ကျွန်တော့ကို မြင်ရတာပေါ့..
" သားတော်.. ခန္ဓာကိုယ်အနီးမှာ နေပါ.. "
Baek: Arr.. Nae..
ဖာသာ့စကားကြားတော့..ကျွန်တော် Chanyeol နားက ထလာလိုက်တယ်.. ဒါပေမယ့်.. သူ့ကိုတွဲထားတဲ့ ကျွန်တော့လက်ကိုတော့ မဖြုတ်ခဲ့ပါ..
သဘောကတော့.. သူ့ကိုပါ ကျွန်တော့အနားကို ခေါ်လာခဲ့တယ်ဆိုပါတော့.. ဖာသာတွေကတော့.. ခေါင်းသာ ငြိမ့်ပြကြတယ်..
အဖွားတို့ကတော့ ဘာမှမပြောပဲ ဟိုကြည့်ဒီကြည့်လုပ်နေကြတယ်.. ကျွန်တော့်ကိုလည်း မမြင်ကြဘူးလေ.. Chanyeol တယောက်ကတော့.. မျက်နှာမကောင်း မနည်းကို ရပ်တည်တေရတဲ့ ပုံစံ ပေါ်နေတယ်.. တခုခုကို အသေအကြေ စိုးရိမ်နေတဲ့ပုံပင်..
" စကြရအောင်.. "
ပြောပြောဆိုဆို.. ဖာသာထဲက အကြီးဆုံးတယောက်က သူ့လည်ပင်းက လက်ဝကတ်တိုင်ပုံ ဆွဲကြိုးအမဲလေးကို ချွတ်ပီး.. တခုခုကို ရွတ်ဖတ်လိုက်ကာ.. ကုတင်ပေါ်မာ လှဲနေတဲ့ ကျွန်တော့ရဲ့ နှဖူး
ပေါ်ကို တင်လိုက်တယ်..ကျန်တဲ့ ဖာသာနှစ်ယောက်ကတော့.. တလက်မလောက်ရှိမယ့် ဘုရားစာအုပ်အထူကြီး တယောက်တအုပ်စီနဲ့.. စာမျက်နှာကိုယ်စီလှန်နေကြတယ်..
ထို့နောက် ညီညာစွာ ထွက်လာတဲ့ တရားတော်ရွတ်ဖတ်သံတွေ.. မဖစ်မနေ ကြိုးစားကြည့်ရတော့မယ့်အချိန်မာတောင်.. Chanyeol လက်ကို မလွှတ်မိ..
YOU ARE READING
My love is a beautiful ghost 👻👻 [COMPLETED] (Z+U)
Fantasy[Zawgyi] သရဲအလွန်ကြောက်တတ်သော~~ ကောင်လေးတယောက်က~~ သရဲလေးတကောင်ကို~~ ချစ်မိသွားဖို့ဆိုတာ~~ ဖြစ်နိုင်ပါ့မလား~~ Sorry for bad writing (90°bow) Chanbaek (Yaoi) [Unicode] သရဲအလွန်ကြောက်တတ်သော~~ ကောင်လေးတယောက်က~~ သရဲလေးတကောင်ကို~~ ချစ်မိသွားဖို့ဆိုတာ~~ ဖြ...