ပထမပိုင်း

1.8K 66 2
                                    

နိုဝင်ဘာမှာ ရွာတဲ့မိုး (ပထမပိုင်း)
✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿


နိုဝင်ဘာမှာ ရွာတဲ့မိုး

(၁)

တစ်ခါတုန်းကပေါ့အေ … ငါ့အသက်က ဘာရှိသေးမှာတုန်း … အလွန်ဆုံးရှိလှ ဆယ့်ရှစ်နှစ်ပေါ့ …

အင်းပေါ့နော် … မာမီမြင့်တို့ အဲ့တုန်းက အပျိုဖျန်းလေး နေမှာပေါ့ … အခုလို ရရစ်နဲ့ပြိုတဲ့ အာပြိုကြီး ဘယ်ဟုတ်ပါ့မလဲ …

ဟဲ့ … မိငွေမ … ညည်း စကား ဘယ်ရောက်လို့ရောက်မှန်း ညည်းမသိ … ငါ့များအေ … ညည်းတော့ … ငါ အမေဂျမ်းနဲ့ ကိုင်ခိုင်းလိုက်ရ …

ဟဲ့ … ညည်းငြိမ်စမ်းပါအေ … မာမီမြင့် ပြောပါစေ … ငါ့အမေက အခုတောင် သည်လောက် လှနေတာ … ငယ်ငယ်တုန်းကလည်း လှလိမ့်မပေါ့ …

အေး … မိလှကမှ တော်သေးအေ … အလိုက်သိပါ့ … နေစေဦး … ညမှ ငါ ညည်းအတွက် ကိုယ်တော်တွေဆီက သူငယ်လေးတစ်ယောက်လောက် တောင်းပေးဦးမယ် …

မာမီမြင့်ရယ် … တစ်ယောက်နဲ့တော့လည်း ရမလား … အနည်းဆုံး သုံးယောက်လောက်ပေါ့ …

ဟဲ့ … တံကျင်လျှိုမ … ညည်းဟာလေ … ဒါနဲ့ ပတ်သတ်ရင် မက်စက်လွန်းတယ် … တံကျင်လျှိုခံရမှ ဖင်ထိပ်အာထိပ် နေသာမယ်ဆိုတဲ့ ဟာမ …

နေရာလေးက မာမီမြင့်၏ နတ်ခန်းတစ်ဖြစ်လဲ နေအိမ်ကလေးတွင်ဖြစ်သည် ။ စကားပြောနေသူ သုံးဦးက မာမီမြင့်ခေါ် ထွန်းမြင့် … မိငွေခေါ် စိုးငွေ … မိလှခေါ် အောင်လှ တို့သုံးဦးဖြစ်သည် ။ ပန်းခြောက်လေးတွေ ဆိုသော်လည်း တကယ့်ပန်းစိုလေးတွေနှင့်မခြား လှအောင်ပအောင် ပြင်ဆင်ထားကြသည်မို့ တစ်မျိုးလေး ဆန်းကာ ကြည့်ကောင်းနေပြန်ပါ၏ ။

ရာသီက ဆောင်းဝင်ခဲ့ပြီ ။
နိုဝင်ဘာလပင် ရောက်ခဲ့ပြီ ။
တလောကတော့ဖြင့် ပူလိုက်သေးသည် ။
အခုတော့ အညာဒေသသည် ဆောင်းတွင်းကြီး မိုးရွာခဲ့ပါပကော ။ တန်ဆောင်မုန်းလပြည့်ကြီးလည်း ဖြစ်ပြန် ၊ မီးထွန်းပွဲကျင်းပလိုက်မဟဲ့ဟု ခဲထားပြန်တော့ အညာမိုးကိုပင် အညာသူအညာသားတို့ ငြိုငြင်ကြရပြီ ။ မိုးရွာတော့လည်း လူအထွက်အပြုက နည်းနေသေးသည် ။

နိုဝင်ဘာမှာ ရွာတဲ့မိုး Where stories live. Discover now