Unicode
" ဆာကူရာနဲ့မင်းကလှတယ် BaekHyun ... "
ရုတ်တရက်ထပြောသော ChanYeolစကားကြောင့်
ကျွန်တော်ကြောင်အမိသွားသည်။ နွေဦးရဲ့အပူရှိန်ကြောင့်လားမသိ။ ပါးပြင်ကလဲပါနွေးလာသလို ..ကျွန်တော်ကဘာမှပြန်မပြောသည်ကြောင့် ..
ChanYeolကပင်ဆက်ပြီး .." သိတယ်မလား .. မင်းကရုပ်ဆိုးတော့လေ ဆာကူရာနဲ့တွေ့တော့ မဆိုးပါဖူး လှတော့လှသားပဲ "
ပြောချင်တာတွေပြောနေသော မျက်နှာရှေ့က ChanYeol၏မျက်နှာကြီးကိုကုတ်ဆွဲချင်လာမိ၏ ။
" စိတ်ဆိုးတာလား ? အဲ့တာ .. "
" ဟွန့် ငါကစိတ်ဆိုးစရာလား.. စိတ်ဆိုးတာမိန်းကလေးတွေအလုပ် "
" ပြီးတာပဲ "
" ..... "
ChanYeolအား ဘာမှပြန်မပြောမိ ..
ကျွန်တော့်အိမ်နှင့်တဖြေးဖြေးနီးလာမိတော့မှ ..
တွဲထားတဲ့လက်ကိုဖြုတ်ချလိုက်ပြီး .." သွားတော့မယ် ။ ငါ့ညီ သိသွားရင် မဖြစ်လို့ .. ဒီအထိပဲလိုက်ပို့တော့ တာ့တာ "
" ဘာလို့သိသွားလို့မဖြစ်တာလဲ "
လက်တစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ
ပါး ချိုင့်တစ်ဖက်မပေါ်ပေါ်အောင် ပြုံးလိုက်ပြီး ပြောလာတဲ့ChanYeolကြောင့်BaekHyunရင်တွေပင်တုန်လာသလို ..။* ဒုတ် *
" ဘာ..ဘာမှမဟုတ်ဖူး တာ့.. တာ့တာ "
ChanYeolဆီကစကားကိုမစောင့်တော့ပဲအိမ်ထဲကိုသာသုတ်ခြေတင်ပြေးလာမိတော့သည်။
" Arshii ! ရင်တွေဘာလို့တုန်လာတာလဲ "
" အကို ! "
" အော်.. Sehun "
အိမ်ထဲကိုပြေးလာတဲ့ကျွန်တော့်ကို ..
TVရှေ့မှာထိုင်ရင်းရေခဲချောင်းတစ်ချောင်းနဲ့
Sehunကမော့ကြည့်လာသည် ။ဟွန့် ! သူကျတော့လဲ အေးဆေးနေတာပဲ။
အလိုမကျမှုကြောင့် မျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည်။
" ဘာလဲ .. Crushက ငြင်းပစ်လို့ ..
မျက်နှာမဲ့နေတာလား "ပြောချင်ရာစွတ်ပြောနေသောSehunကို ..
ဘေးက စားပွဲတွင်တင်ထားသော
ပန်းအိုးနှင့်ကောက်ထုချင်စိတ်ပေါ်လာရသည်။
YOU ARE READING
Dating With A Gangster
Fanfiction.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shinn Ji Neul နဲ့ LiamRin ရဲ့ Collaboration ?? CoverPhoto by AsunaPark