အပိုင်း[၁]

20K 1.1K 35
                                    

Zawgyi.....


"ဂျွန်ရေ.....
ကလေးလေးရေ....
ကိုကိုနဲ့အတူတူစွန်သွားလွှတ်ရအောင်...."

ကိုကိုက သူ့လက်ထဲက စွန်နီနီလေးကိုမြှောက်ပြပြီး
စက်ဘီးစီးနေတဲ့...ဂျွန့်ကိုလာခေါ်သည်။
ပျော်လိုက်တာ...စွန်လွှတ်ချင်နေတာကြာပြီ။
ခွင့်တောင်းတိုင်း..ဖွားဖွားကစိတ်မချလို့ဆိုပြီး
ခွင့်မပေး....ဒါပေမယ့်
ကိုကိုနဲ့အတူတူလွှတ်ရင် ဖွားဖွားကဘာမှပြောရဲမှာ
မဟုတ်...

စက်ဘီးကိုပစ်ချပြီး...ကိုကို့ဆီကိုပြေးသွားလိုက်တော့
ကိုကိုက ဆီးပြီးပွေ့ထားသည်။

"ကိုကိုနော်...ဂျွန့်ကိုတအားမပွေ့နဲ့ ....
ဂျွန်ကအလယ်တန်းရောက်တော့မှာ...ရှက်တယ်"

"ဘာဆိုင်လို့လဲအလယ်တန်းရောက်တာနဲ့ပဲ
ကိုကိုကမပွေ့ရတော့ဘူးလား...
ကလေးကပဲရှက်ရတယ်လို့...
မနေ့တနေ့ကမှကျောင်းစတက်ပြီး..
အလယ်တန်းရောက်ဖို့က၃နှစ်ကြီးများတောင်
လိုသေးတာကို...တော်တော်လူကြီး
ဖြစ်ချင်နေတယ်..."

ကိုကိုကစိတ်ဆိုးသွားတာလားမသိ...
ဂျွန့်ကိုထားခဲ့ပြီး...ရှေ့ကပြေးသွားသည်။
ကိုကို့ကို မချစ်ဘူးများထင်သွားတာလားမသိ...
ဂျွန်..ကိုကိုရီရှင်းကို..အရမ်းချစ်ပါသည်။
ဒါပေမယ့်.....
သူငယ်ချင်းတွေကအရမ်းပြောကြသည်။
ကိုကို့ကို ဂျွန်ကဖားနေတာ...
ိကိုကို့ အရုပ်တွေနဲ့ဆော့ချင်လို့ဂျွန်ကချွဲနေတာ...လို့
ဝိုင်းပြောကြသည်။

ကိုကို့က...တော်တော်ဝေးဝေးရောက်ခါမှ...
လှမ်းအော်သည်။
"ဂင်ဂျွန်မြောင်...စွန်မလွှတ်ချင်လို့လား...
လိုက်မလာတာက.."

ဟိဟိ...ဒီတိုင်းဆို..ကိုကိုက စိတ်ဆိုးပုံမရဘူး။
ဂျွန်  ကိုကို့နောက်ကို အဟေးဟေး..အော်ကာပြေးလိုက်သွားသည်။
ဖွားဖွားကနားညည်းတယ်ပြောပေမယ့်..
ဂျွန်က အဲ့လိုအော်ပြီးပြေးရတာသိပ်ကြိုက်သည်။
နှမ်းခင်းတွေဘေးက ဖြတ်ပြေးပြီး...
တောင်ကုန်းလေးကိုရောက်တော့...
ကိုကိုက ...ကျောပိုးအိတ်ထဲက ရစ်ဘီးတွေကို
ထုတ်သည်။
ဂျွန့်မှာ..အံ့ဩလွန်းလို့တဝိုးဝိုးနဲ့လိုက်ကြည့်ရသည်။
ကိုကို့အိမ်က..ဆိုးလ်ကို ခဏခဏသွားရတော့
ကိုကို့မှာ..ကစားစရာအဆန်းတွေအကုန်ရှိသည်။
အဲ့ဒါကြောင့် ဟိုကောင်တွေက..ဂျွန့်ကိုမနာလိုဖြစ်
နေကြတာနေမှာ...
ကိုကိုက ဒီရက်ကွက်ထဲက..ကလေးတွေထဲမှာဆို..
ဂျွန်မြောင်ကို အချစ်ဆုံးလေ...

Signs Of Love [Completed]Where stories live. Discover now