အပိုင်း[၉]

6.9K 933 87
                                    

Zawgyi...


ဂျွန်..ဆိုးလ်မှာ သုံးညအိပ်ပြီး..အိမ်ကိုပြန်လာခဲ့သည်။
ကိုကို့ အပေါ်အမှားလုပ်မိလို့ ဝမ်းနည်းရတဲ့ကြားထဲ
အဖေက ညနေတိုင်းအလုပ်ကအပြန်
အရက်သောက်ပြီးမှ အိမ်ကိုပြန်လာသည်။
ဂျွန်နေတဲ့ သုံးရက်လုံး...နေ့တိုင်းမူးပြန်လာတဲ့အဖေ့ကို
မြင်မှ..အစ်ကိုအင်ဆောင်း..အဆောင်မှာသွားနေရတဲ့
အကြောင်းအရင်းအမှန်ကို..နားလည်တော့သည်။

အပြန်ကျတော့ အစ်ကိုအင်ဆောင်းကလိုက်ပို့သည်။
အိမ်ရောက်ပေမယ့် ...ကျောင်းမတက်ရသေးတော့
ဂျွန်ပျင်းနေသည်။ဖွားဖွားကလည်း..ကိုကိုတို့အိမ်သွားတော့ အိမ်မှာ ဂျွန်တစ်ယောက်တည်း...
ဘယ်သူနဲ့မှလည်းသွားမဆော့ချင်...
ကာတွန်းစာအုပ်တွေလည်း ထုတ်မဖတ်ချင်...
ဒီအတိုင်းတောင်သတိရနေတာ...ကိုကိုဝယ်ပေးထားတာတွေမြင်ရင်...ပိုဆိုးမှာသိနေတာမို့ ငြိမ်နေရသည်။

ကိုကို စိတ်ဆိုးပြေပြီးဖုန်းဆက်တဲ့နေ့အထိစောင့်မည်။ စားပွဲတစ်လုံးပဲရှိတဲ့ ဧည့်ခန်းရဲ့ကြမ်းပြင်မှာ..လူးလှိမ့်တွန့်ခေါက်ပြီး..ပျင်းနေရတာကို ဂျွန်အရသာတောင်တွေ့လာသည်။
ဖုန်းသံကြားလို့ အပြေးသွားကိုင်တော့ ဂျွန်မထင်ထားတဲ့ ကိုကို ဖြစ်နေသည်။

📞"ဂျွန်လေး...ဘယ်နေ့လာမှာလဲ..ကိုကိုအကုန်ပြင်ဆင်နေတာ ပြီးသလောက်ရှိနေပြီ..."

ကိုကို ဘာပြောမှန်းဂျွန်သိပ်နားမလည်ပါ။

📞"ဂျွန်...ဘယ်ကိုလာရမှာလဲကိုကို.."

📞"ကလေးလေးကို..မေမေက ဘာမှမပြောဘူးလား.."

📞"ဂျွန်မနေ့ကမှ အိမ်ပြန်ရောက်တာ...ဘယ်သူကမှ
ဘာမှ မပြောဘူး..."

စိတ်တိုသွားသလိုမျိုး..ကိုကိုအသံကြောင့် ဂျွန်လန့်သွားသည်။
ဒါပဲ လို့ပြောပြီး ဖုန်းချသွားတဲ့ ကိုကို့ကို ဂျွန်နားမလည်ပါ။
ဂျွန့်ကိုပဲ စိတ်မပြေသေးတာလား မသိတော့..။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ညနေဘက် ဖွားနဲ့ အတူတူထမင်းစားတုန်း..ဆရာကတော် အခေါ်လွတ်တယ်ဆိုပြီး..လာခေါ်တော့ မြန်မြန်လက်စသတ်ကာ လိုက်သွားရသည်။

Signs Of Love [Completed]Where stories live. Discover now