အချစ်က မာယာတွေ လှည့်စားမှုတွေနဲ့ပြည့်နှက်နေတဲ့အရာလား ဒါမှမဟုတ်
အတုအယောင်တွေလား ကိုယ့်ရဲ့အချစ်ကတခြားသူရဲ့ အပေါ်မှာချုပ်ချယ်မှု တွေငြီးငွေ့စရာတွေဖြစ်နေပီလား ကျနော်မသိ...
ကျနော်သိတာတစ်ခုက သူ့ကိုရူးမတတ်ချစ်သည်...ကျနော်နဲ့ကျနော့်ကလေးလေးချစ်ခဲ့ကြတာ 7လကျော် ပီ..ကျနော်တို့relationshipက သိပ်ပျော်စရာ ကောင်းခဲ့တာ..သူကစိတ်ကောက်လိုက် ကျနော်က ချော့လိုက် တစ်ခါတလေနှစ်ယောက်စလုံးပြိုင်တူ စိတ်ကောက်ကြတယ် ရွဲ့တဲ့စောင်းတဲ့အထိဖြစ်ကုန် တာပေါ့...အဲ့အကျိုးဆက်တွေက ကျနော်တို့နှစ် ယောက်ကိုဝေးကွာမှန်းမသိ ဝေးကွာစေခဲ့တယ်...
"Hello”
"hello P ကျနော့်accထဲဝင်ပြီးဘာတွေလျှောက် လုပ်လိုက်တာလဲ”
"Hello ကလေးကိုယ်ဘာမှမကြားရဘူး ခဏ”
"ဟာဗျာ..ကျွတ် ဆူညံနေတာပဲ ခင်ဗျား ဘယ်ရောက် နေတာလဲ”
"ကိုယ်ဒီနေ့shooting ရှိတယ်လို့ပြောတယ်လေ မနေ့ညကတည်းက ”
"သူမကို ဘာလို့blockလိုက်ပြန်တာလဲ”
"မျက်စိနောက်လို့လေ မင်းကကိုယ့်ချစ်သူထက် သူမကို ပိုဂရုစိုက်ပီးကဲပြနေလို့”
"P ဘာဖြစ်နေတာလဲ ကျနော်ကPချစ်သူမှန်းလူတိုင်းသိနေတာပဲ”
"လူတိုင်းသိနေပေမယ့်မင်းမသိလို့ခက်နေတာ blockဖြေပြီးပြန်followဖို့မကြိုးစားနဲ့နော်”
"ရမလား ခင်ဗျားအဲ့လိုပြောလေ ကျနော်ကလုပ်ချင် လေ”
"Uan.. ကိုယ်ပြောတယ်နော် စိတ်တိုလာရင်မင်း accပါဖျက်ပစ်မှာ”
"ဟွန့်..ရမယ်ထင်ရင်လုပ်ကြည့်ပေါ့”
ဟုဆိုကာဖုန်းချသွားလေပြီ...ဂါး ကလေးစုတ်စိတ် တိုလိုက်တာ..သေချာတယ်ဒီနေ့တနေကုန်သူအလုပ်လုပ်လို့မရတော့...
ကျနော်ပြောတာလွန်သွားပြီလား..ဟုတ်တယ်လေ အားရှိblockနေတာ တစ်ဖက်ကသူကိုအားနာဖို့ကောင်းသည်...ကိုယ်နဲ့သူမနဲ့ ဘာမှမပတ်သတ်တာသူအသိ...အာ့ကိုဘာတွေ သဝန်တိုနေမှန်းမသိ...တစ်ခါတစ်ခါကျတော့ကျနော် စိတ်ပျက်မိသည်...အခုတလောကျနော်နဲ့သူအဆင်မပြေတာတွေသိပ်များသည်...သူ့အေဂျင်စီဘက်ကလည်းထိန်းချုပ်ထားသလို ကျနော့်ဘက်မှာလည်း ပြင်းထန်တဲ့စကားလုံးတွေနဲ့ ထိန်းချုပ်ခံထားရသည်...အစကတော့ကျနော်တို့နှစ်ယောက်ကြားအခုလောက်မဆိုးသေး...ပြသနာကဘယ်ကစမှန်းကိုမသိတာ....အလုပ်တွေမအားပင်ပန်း လာတဲ့အခါသူကလည်းကိုယ်ရစ်တာမခံနိုင် ကိုယ်ကလည်းသူသဝန်တိုတာတွေကိုမကြိုက်...တစ်စတစ်စနဲ့ ကြီးထွားလာခဲ့တဲ့ပြသနာတွေက ဘယ်ကနေအခြေ ခိုင်ခဲ့သလဲ...ကျနော်တွေးနေတုံး lineကနေစာရောက်လာကာ..
#..ကိုယ်တို့ပွင့်လင်းစွာစကားပြောဖို့လိုနေပြီ#