🍑🍑🍑Ep1🍑🍑🍑

138 24 10
                                    

မိုးလင်းပီဆိုတာနဲ့ Wu Yi Fan တို့လုပ်ငန်းစရပီလေ...

ဒီလိုအချိန်ဆိုအိမ်ကိုတော့သတိရမိသား အိမ်မှာဘော်ကျော့နေခဲ့သမျှ ခုတော့မနက်စာအစ အားလုံးအားလုံးမိမိကိုယ်တိုင်သာချက်ပြုပ်စားနေရသည်

အသက်ကလဲကြည့်ဦး ၂၀ ကျော်လို့ ၃၀ နားကပ်တော့မယ်ဘယ်မိဘက ကလေးလိုလိုက်လုပ်ပေးတော့မလဲ

အဲ့တာကြောင့်လဲ အိမ်ကနေထွက်လာပီးတိုက်ခန်းတစ်ခန်းငှါးနေတယ်

အရင်ကအလုပ်အကိုင်မယ်မယ်ရရမရှိခဲ့ေ
ပမဲ့ အခုတော့အလုပ်နဲ့အကိုင်နဲ့လေ

ဘာလုပ်လဲဆိုတော့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေးဖွင့်ထားတယ်

ဘာလို့ဒီအလုပ်ကိုလုပ်လဲလို့တော့မမေးနဲ့ကိုယ်တိုင်ကိုက ရှေးဟောင်းပစ္စည်းတွေစုရတာဝါသနာပါလို့လေ

ကဲ...ကဲ...ခုတော့ကျနော့်အကြောင်းဒီလောက်ပဲပြောပြမယ်ကျန်တာနောက်မှဆက်ကြတာပေါ့ဆိုင်သွားဖို့လဲနောက်ကျနေပီဗျ

အော်...ဒါနဲ့မေ့တော့မလို့ ကျနော့ ဆိုင်လေးနာမည်က ''Peach'' တဲ့

              *****Taoris*****

YiFan တစ်ယောက် အခန်တံခါးပိတ်ပီး တိုက်ခန်းဘေးက လမ်းလေးအတိုင်း လမ်းထိပ်က ဆိုင်လေးရှိရာဆီထွက်ခဲ့လိုက်သည်

ဆိုင်တွင်းဆိုင်ပြင်သန့်ရှင်းရေးလုပ်ဆိုင်ဖွင့်ပီး ဆိုင်ထဲမှာခင်းထားတဲ့စားပွဲပေါ်ကလက်တော့ လေးကိုင်ထိုင်ခုံပေါ်ထိုင်ပီး game ဆော့နေလိုက်တယ်

ခနကြာတော့ သူစိမ်းအဖိုးကြီးတစ်ယောက်ရောက်လာတယ်

"ဘာအလိုရှိလို့ပါလဲခင်မျ''
"ဘာမှမလိုဘူး...မင်းကိုပစ္စည်းတစ်ခုပေးစရာရှိလို့''

YiFan ကြောင်တောင်တောင်နှင့်

"ဗျာ!ဘာပြောတာလဲ ဦးလေးပြောတာကျတော်နားမလည်ဘူးပြီးတော့ကျတော်ဘာပစ္စည်းမှလည်းမမှာထားမိပါဘူး''
"တုံးလိုက်တာလဲလွန်ပါရော ဘာမှပြောမနေနဲ့ ရော့... ဒါကိုယူထားလိုက်''

အဘိုးကြီးကသူပြောချင်ရာပြောပီသည်နှင့်ဆိုင်ထဲမှထွက်သွားတယ်

ကြောင်တောင်တောင်ဖြစ်နေခဲ့သူက YiFan ပင် အဘယ်ကြောင့်ဆိုသော် ထိုအဖိုးကြီးပေးခဲ့သောပစ္စည်းမှာ မတ်မွန်သီး တစ်လုံး ဖြစ်သည်

YiFan တစ်ချိန်လုံးမတ်မွန်သီးကိုကြည့်ကာထိုထူးဆန်းတဲ့အဖိုးကြီးအကြောင်းပဲစဉ်းစားနေမိသည်

ပျင်းတာကတစ်ကြောင်း စိတ်မပါတာကတစ်ကြောင်းမို့ အိမ်ပြန်ရန်သာပြင်လိုက်သည်

ဆိုင်ကိုသေချာစစ်ဆေးပီး တံခါးပိတ်ကာ ဆိုင်ဘေးကလမ်းလေးအတိုင်းပြန်လာခဲ့တယ်

ကောင်းကင်ကိုမော့ကြည့်လိုက်တော့မိုးရိပ်တေမြင်နေရတာမို့အိမ်ခပ်သွပ်သွပ်ပဲပန်လာခဲ့လိုက်တယ်

ကံကောင်းတယ်ပဲပြောရမယ် YiFan အိမ်အရောက်မိုးလဲစအရွာပင်

YiFan အိမ်ရောက်ရောက်ခြင်း ဗိုက်ကလဲဆာလာတာမို့ အခန်းထဲဝင် မတ်မွန်သီးကိုအိပ်ယာဘေးချ အင်္ကျီလဲ ခြေလက်ဆေးပီးမီးဖိုခန်းဝင်ကြည့်တော့ခေါက်ဆွဲဗူးနဲ့ကြက်ဥတစ်လုံးသာတွေ့တာမို့ ရေနွေးတည်ရတော့သည်ခေါက်ဆွဲဗူးထဲကြက်ဥဖောက်ထည့်ကာ အပြီအပြင်ဆွဲရန်ပင်

အားလုံးစားသောက်ပီးစီးတော့အိပ်ရန်ပြင်ရတော့မည်လေ

"ဟူး.....လောကကြီးကသာယာလိုက်တာ''

အိပ်ယာပေါ်လှဲလိုက်သည်နှင့်YiFan အိပ်မတ်ကမ္ဘာကြီးထဲသို့အလည်တစ်ခေါက်ရောက်သွားလေပီဖြစ်သည်

            *****Taoris*****

Taoris Forever 💙
Lee Bo Yeon 🌊🌊🌊
Thz U So Much.....
Love U All
Plz read my first fanfiction

မတ်မွန်သီးအရှုပ်တော်ပုံWhere stories live. Discover now