Chapter.9.

43.7K 1.3K 18
                                    

"ကျွန်​​တော်​လက်​ကိုလွှတ်​ပါ
ကျွန်​​တော်​ခင်​များကိုမသိဘူး"

လက်သာလွှတ်ခိုင်းနေတာ
အမှတ်မရှိတဲ့နှလုံးသားက
ကိုကို ကို ကြည့်ချင်တဲ့စိတ်တွေများနေတယ်
နေမှကောင်းရဲ့လား
အဆင်မှပြေရဲ့လား
သားသားလေးကရော
အတွေးများစွာတစ်ပြိုင်နက်ဝင်ရောက်လာတယ်

"က​လေး​လေး
ကို့ကို အခုထိစိတ်​ဆိုး​နေတုန်းပဲလား"

"ခင်​များ ဘာ​တွေလာ​ပြော​နေတာလဲ!
ကျွန်​​တော်​ ခင်​များကိုမသိဘူး"

စိတ်​ညစ်​မိတယ်
သူ့အသံကိုကြားတိုင်းခုန်​လာတဲ့နှလုံးကို
သူ့အထိအ​တွေ့ကိုလိုချင်​တဲ့ကို့ကိုယ်​ကို
မုန်းတယ်
သူ့ကိုမ​မေ့နိုင်​​သေးတာကို

"Bae!!"

ရုတ်​တရက်​ ကို စစ်​ငြိမ်းအသံ​ကြောင့်
အယ်​ရာ သက်​ပြင်းချမိသည်​။
နောက်​ဆုံး​တော့လည်း ကယ်​တင်​ရှင်​​ရောက်​လာပြီပဲ

"ကိုက bae ထွက်​သွားလို့ စိုးရိမ်​​နေတာ
bae ကဒီ​ရောက်​​နေတာပဲ"

အယ်​ရာလည်း ဆွဲထားတဲ့လက်​ကိုဖြုတ်​ချလိုက်​ပြီး
ကို့ရင်​ထဲ​ပြေးဝင်​လိုက်သည်​။

"ကို..."

ဘာမှမ​ပြောပဲ​ပြေးဝင်​လာတဲ့ အယ်​ရာ​ကြောင့်​အံ့သြမိ​ပေမဲ့
သူ​လေးကြည့်​ရတာတစ်​ခုခုဖြစ်​​နေပုံ ဖြစ်​တဲ့အတွက်
တင်းကျပ်​စွာပြန်​ဖက်​​ပေးလိုက်​မိသည်​။

"စစ်​ငြိမ်း"

"​ယောက်​ဖပါလား ဒီကိုဘာလာလုပ်​တာလဲ"

"ဒီလိုပါပဲ လမ်းကြုံလို့ပါ
သူနဲ့က သိတာလား"

ယောက်​ဖလုပ်​တဲ့သူက အယ်​ရာကိုလက်​ညိုးထိုးပြီး​မေး​တော့
စစ်​ငြိမ်း​ပြန်​​ဖြေရန် အကျပ်​ရိုက်​သွားပြီ​လေ

"ကျွန်​​တော်​နာမည်​က အယ်​ရာပါ
ကိုစစ်​ငြိမ်းရဲ့ အငှါးကိုယ်​ဝန်​​ဆောင်​တစ်​​ယောက်​ပါ
ဇနီးသည်​က မစွမ်းဘူးဆိုလို့ ကူညီ​ပေးတာပါ"

အယ်​ရာအ​ခြေအ​နေကိုရိပ်​စားမိပါသည်​။
ကိုစစ်​ငြိမ်းကြည့်​ရတာ​ဖြေရခက်​​နေပုံပင်
သူ့ညီမကိုပါထိခိုက်​​စေလိုချင်​သဖြင့်
တစ်​ချက်​ခုတ်​နှစ်​ချက်​ပြတ်​ဝင်​​ပြောလိုက်​ခြင်းသာ

အငှါးကိုယ်​ဝန်​​ဆောင်​Where stories live. Discover now