Chapter-2 Everytime [Z+U]

3.5K 369 35
                                    

Zawgyi
Chapter - 2 ost (everytime)
____________________________________
မင်းက ကမ္ဘာကြီး အဆုံးထိ ငါကာကွယ်​​ပေးချင်​တဲ့ တစ်​ဦးတည်း​သော သူပဲ ။
____________________________________
"In ​လေး​ရော"

Jongin နာမည်​ကို​အော်​​ခေါ်ပြီး အခန်းထဲ​ပြေးဝင်​လာတဲ့ Sehun ​ကြောင့်​အကုန်​လုံး ပြင်​ဆင်​​နေတာ​တွေကို ရပ်​တန့်​လိုက်​သည်​။

"Sehun ဘာဖြစ်​လို့လဲသား"

"Jongin ကိုမ​တွေ့​တော့လို့"

နှုတ်​ခမ်း​ထော်​ကာ ဆူပုတ်​ပုတ်​နဲ့​ပြောလာတဲ့ sehun ​ကြောင့်​ kris ပူ​ဖောင်းချိတ်​​နေရာမှ အလန့်​တကြားဖြစ်​သွားသည်​။

"Heymi ​လေးနဲ့ကစား​နေမှာ​ပေါ့ သားရဲ့"

အမအွန်းဂျီစကားကို နားမ​ထောင်​ဘဲ ​ကော့​တော့​ကော့​တော့နဲ့ ထွက်​သွား​လေသည်​။ အ​ချေ​ကောင်​ oh sehun ၏ မျက်​နှာပစ်​လွှဲစရိုက်
-_-

"Chanyeol!"

"Jongin ​လေးက Heymi နဲ့ကစား​နေမှာ​ပေါ့ kris ရဲ့အရမ်းမစိုးရိမ်​နဲ့"

စိတ်​မပူဖို့​ပြော​နေတဲ့ Chanyeol ကိုလည်း အားနာသည်​မို့ အခုချက်​ချင်းထသွားချင်​စိတ်​ကို ထိန်း​နေရသည်​။

Sehun တစ်​​ယောက်​ jongin ကိုရှာ​နေ​ပေမဲ့မ​တွေ့! Heymi ကိုသွား​မေး​တော့လည်း တစ်​​ယောက်​တည်းအခန်းထဲမှာ game ​ဆော့​နေတဲ့ အတွက်​ သူ့ဆီကို​တောင်​ အာရုံမလာ။ အိမ်​အ​ပေါ်​ရော အိမ်​​အောက်​မှာပါ နှံ့​အောင်​ရှာ​နေ​ပေမဲ့ ဘယ်​​နေရာမှာမှ ရှာမ​တွေ့။

"အင့်​..ဟင့်​ဟင့်​!"

အိမ်​​အောက်​ထပ်​ ဘီဒိုနားက​နေ ရှိုက်​သံ​သေး​သေး​လေး ကြားရသည်​မို့ sehun ဘီဒိုနားကို ဖြည်းဖြည်းချင်းစီတိုး​လျှောက်​သွားသည်​။

"Jongin jongin...jongin...in-na"

ကျပ်​ကျပ်​တည်းတည်း​နေရမှာ ဒူးပိုက်​ကာ မျက်​ရည်​ဗလပွနဲ့ jongin ကို​တွေ့ခါမှ သူ့မှာ သက်​ပြင်းချနိုင်​​တော့တယ်​။ jongin ထိုင်​​နေတဲ့ ​ချောင်​​လေးထဲကို ခက်​ခက်​ခဲခဲဝင်​​ရောက်​ပြီး ငို​နေတဲ့ jongin ​ရှေ့ကိုထိုင်​ချလိုက်​သည်​။

두 번째 소유권 ( Second Ownership )Where stories live. Discover now