ကောင်လေးတစ်ယောက် မနက်အိပ်ရာနှိုးလို့ မျက်ခွံလေးပွင့်လာသည်နဲ့ သူမျက်ဝန်းတွေမှာ ဝမ်းနည်းမှုအရိပ်ယောင်တွေ ပြည့်နှက်နေတယ်ခနအကြာ သူတစ်ယောက်တည်းသည်းဆိုနေလေတယ်
အော် ဒီနေ့သင်္ကြန်အကြိုနေ့ဘဲ
သူ ကျွန်တော့ဘေးကနေ ထွက်သွားတာ ၁နှစ်တောင် ရှိပြီသူပြောပြီးသည်နဲ့ ရေချိုးခန်းထဲဝင်သွားလေ ရဲ့
နောက်တော့ ပြင်ဆင်ပြီး သင်္ကြန်လျှောက်သွားရန် အောက်ထပ်သို့ဆင်းလာတယ်
"အမေ သား လျှောက်လည်ဖို့သွားအုန်းမယ်"
"သားရယ် တစ်ယောက်တည်း ဖြစ်ရဲ့လား မသွားပါနဲ့လား"
"မေမေ သားတစ်ယောက်တည်းဖြစ်နေခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်ထဲကလေ" လို့ ပြန်ပြောလိုက်တဲ့အချိန် အသံတိမ်ဝင်သွားပြီ မျက်ဝန်းထဲမှာအရည်ကြည်တွေစို့လာတယ်
မေမေမှာလည်း ကျွန်တော့ကို ကြည့်ပြီးစိတ်မကောင်းဖြစ်နေလေရဲ့
"သားသွားပြီ"
"ဟဲ့ သား ပုံရိပ်ယောင် အော် ဒီကလေးကို ဘယ်လိုလုပ်ပေးရမလဲ ဟင်းး"
အိမ်ထဲကစထွက်လိုက်သည်နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ပထဦးဆုံး ကျွန်တော်တို့နှစ်ယောက်ထဲ သင်္ကြန်လျှောက်လည်ခွင့်ရခဲ့တဲ့ နေ့
ဘေးဘက်ခြံထဲကနေထွက်လာသည့်သူ
"ယောင် ငါတို့ နှစ်ယောက်ထဲနော် လွတ်လွတ်လပ်လပ်ဘဲ ပျော်ဖို့ကောင်းတယ် လူကြီးတွေခွင့်ပြုမယ်မထင်ထားခဲ့ဘူး အရင်ကဆို သူတို့ပါမှဘာညာနဲ့""မင်းကလည်းကွာ ငါတို့ကလည်းခုမှ ၁၉နှစ်လေ ငါတို့မိဘတွေကသူများတွေလိုမှမဟုတ်ဘဲ ယောကျာ်းလေးဖြစ်တာတောင်စိတ်မချဖြစ်နေတာလေကွာ သောက်မှာစိုးတာတွေရန်ဖြစ်မှာစိုးတာတွေကြောင့်ပါ ကွ"
"အေးပါ မင်းကလည်းအဘိုးကြီးအတိုင်းဘဲ ပွစိပွစိ"
"ဘာာာ"
"ဟားဟား ယောင်တစ်ယောက် အဘိုးကြီးဖြစ်နေပါပြီ"
"အေး မင်းမပြေးနဲ့"
"blah blah" ခြံရှေ့မှာ ပြေးကာဆော့နေတဲ့ ကျွန်တော်တို့နှစ်ယောက်ပုံရိပ်
အဲ့တုန်းကနော် ငါ့ကိုပထဦးဆုံးရေလောင်းတဲ့သူဖြစ်ချင်တယ်ဆိုပြီး မင်းထည့်လာတဲ့ရေဘူးနဲ့ ငါ့ကိုရေလောင်းခဲ့တယ်