Part 1

24 5 2
                                    

ကမ္ဘာသည် နေကို လှည့်ပတ်နေသည်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အပိုင်း(၁)

ငှက်ကလေးတွေရဲ့ တီတီတာတာ အသံလေးတွေကြောင့် နိုးထလာခြင်းတော့မဟုတ်…
ဘေးကနေ အသံဝင်မတတ်ခြစ်ကုတ်အော်နေသော အသံဆိုးဆိုးကြီးကြောင့် နိုးလာခဲ့ခြင်း…
ဘယ်ကနေ ဘယ်လို (သူ)ရှာလာခဲ့မှန်းမသိသော
စူးစူးဝါးဝါးအော်သံကြီး က ကြည်နူးစရာ အိပ်မက်ကလေးတွေကို တစ်စစီဖြစ်အောင်လုပ်ပစ်သည်…
တရားခံကတော့ ဝေးဝေးစဉ်းစားစရာ မလို…

"အား!!
အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရ"

"အိပ်မကောင်း စားမကောင်းလို့ပဲ…
နေက မင်း_င်ထဲ ဝင်သွားပြီ"

အသံနဲ့အတူ အခန်းထဲဝင်လာသော နတ်ဆိုးတစ်ကောင်က စားတော်ပွဲကြီးကိုင်ပြီး အိနြေ္ဒရှင် ခြေလှမ်းများဖြင့် တစ်လှမ်းခြင်း…
မကျေမနပ် ဘုကြည့်ကြည့်ပေးလိုက်တော့ လျှာထုတ်ပြောင်ပြပြီး စားတော်ပွဲကို အိပ်ယာဘေး ခုံပေါ်တင်လို့ ခုံပုလေးမှာ ဝင်ထိုင်သေး…
ဘာတွေလဲလို့ လှမ်းကြည့်လိုက်တော့ စားလက်စ နန်းပြားသုတ်နဲ့ တစ်ဝက်ကျိုးနေသော ကော်ဖီခွက် ကြီးကြီးတစ်ခွက်…
နေဦး…ရှိသေးတယ်…
ပေါင်မုန့် ထောပတ်သုတ်တွေက
၃ ချပ်တောင် ထည့်ထားသော ပန်းကန်ပြားလေးတစ်ချပ်နဲ့…
အစားကလည်း ပုတ်လိုက်တာမှ…
သူ့အိမ်မှာ မစားရတိုင်း အလကား လာမြိုတဲ့ နတ်ဆိုးကောင်…(ဒါတောင်… တစ်ခါတလေ နံကြားတောင် မကပ်ဘူးပြောတဲ့ကောင်)

"$&*$*%-&&-*$--%74689*"

"အမလေးဗျာ!!!!!😨"

"ဟား ဟား ဟား…ဟား… ဟား……………😂😂"

"😒"

နောက်တစ်ကြိမ်ထပ်မြည်လာသော စူးစူးဝါးဝါး နှိုးစက်သံကြီးကြောင့် ထခုန်မိတော့ ဒင်းက အူလှိုက်သည်းလှိုက် ရယ်လို့…
စားထားတာတွေတောင် ပြန်ထွက်တော့ မတတ်…
ဘယ်အချိန်ကတည်းက ဒါကြီး အခန်းထဲဝင်ပြီး လာထားသွားခဲ့မှန်းမသိ…
သေချာတာကတော့ ဒီကောင်ရောက်နေတာ အတော်လေးတော့ ကြာလောက်ပြီ…
မကျေမနပ် နဲ့ ယောက်ျားဆန်ဆန် မှုန်ကုတ်ကုတ်ကြည့်ပေးလိုက်တော့ ပါးစပ်ကလေး လက်တစ်ဖက်နဲ့ပိတ်ပြီး ဖုန်းထဲက alarm သံဖျောက်နေလေရဲ့…

You've reached the end of published parts.

⏰ Last updated: May 07, 2019 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာသည် နေကို လှည့်ပတ်နေသည်Where stories live. Discover now