ကမ္ဘာသည် နေကို လှည့်ပတ်နေသည်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အပိုင်း(၁)ငှက်ကလေးတွေရဲ့ တီတီတာတာ အသံလေးတွေကြောင့် နိုးထလာခြင်းတော့မဟုတ်…
ဘေးကနေ အသံဝင်မတတ်ခြစ်ကုတ်အော်နေသော အသံဆိုးဆိုးကြီးကြောင့် နိုးလာခဲ့ခြင်း…
ဘယ်ကနေ ဘယ်လို (သူ)ရှာလာခဲ့မှန်းမသိသော
စူးစူးဝါးဝါးအော်သံကြီး က ကြည်နူးစရာ အိပ်မက်ကလေးတွေကို တစ်စစီဖြစ်အောင်လုပ်ပစ်သည်…
တရားခံကတော့ ဝေးဝေးစဉ်းစားစရာ မလို…"အား!!
အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရ""အိပ်မကောင်း စားမကောင်းလို့ပဲ…
နေက မင်း_င်ထဲ ဝင်သွားပြီ"အသံနဲ့အတူ အခန်းထဲဝင်လာသော နတ်ဆိုးတစ်ကောင်က စားတော်ပွဲကြီးကိုင်ပြီး အိနြေ္ဒရှင် ခြေလှမ်းများဖြင့် တစ်လှမ်းခြင်း…
မကျေမနပ် ဘုကြည့်ကြည့်ပေးလိုက်တော့ လျှာထုတ်ပြောင်ပြပြီး စားတော်ပွဲကို အိပ်ယာဘေး ခုံပေါ်တင်လို့ ခုံပုလေးမှာ ဝင်ထိုင်သေး…
ဘာတွေလဲလို့ လှမ်းကြည့်လိုက်တော့ စားလက်စ နန်းပြားသုတ်နဲ့ တစ်ဝက်ကျိုးနေသော ကော်ဖီခွက် ကြီးကြီးတစ်ခွက်…
နေဦး…ရှိသေးတယ်…
ပေါင်မုန့် ထောပတ်သုတ်တွေက
၃ ချပ်တောင် ထည့်ထားသော ပန်းကန်ပြားလေးတစ်ချပ်နဲ့…
အစားကလည်း ပုတ်လိုက်တာမှ…
သူ့အိမ်မှာ မစားရတိုင်း အလကား လာမြိုတဲ့ နတ်ဆိုးကောင်…(ဒါတောင်… တစ်ခါတလေ နံကြားတောင် မကပ်ဘူးပြောတဲ့ကောင်)"$&*$*%-&&-*$--%74689*"
"အမလေးဗျာ!!!!!😨"
"ဟား ဟား ဟား…ဟား… ဟား……………😂😂"
"😒"
နောက်တစ်ကြိမ်ထပ်မြည်လာသော စူးစူးဝါးဝါး နှိုးစက်သံကြီးကြောင့် ထခုန်မိတော့ ဒင်းက အူလှိုက်သည်းလှိုက် ရယ်လို့…
စားထားတာတွေတောင် ပြန်ထွက်တော့ မတတ်…
ဘယ်အချိန်ကတည်းက ဒါကြီး အခန်းထဲဝင်ပြီး လာထားသွားခဲ့မှန်းမသိ…
သေချာတာကတော့ ဒီကောင်ရောက်နေတာ အတော်လေးတော့ ကြာလောက်ပြီ…
မကျေမနပ် နဲ့ ယောက်ျားဆန်ဆန် မှုန်ကုတ်ကုတ်ကြည့်ပေးလိုက်တော့ ပါးစပ်ကလေး လက်တစ်ဖက်နဲ့ပိတ်ပြီး ဖုန်းထဲက alarm သံဖျောက်နေလေရဲ့…