ငါ မင်းကို...မျက်စိတစ်မှိတ်လေးတောင်...
လက်လွှတ်ဖို့ မဖြစ်နိုင်တာမို့...ငါ မင်းကိုဒီ့ထက်ပိုပြီး...
တိတ်တိတ်လေးငေးမနေချင်တော့လို့
ငါတို့... ငါတို့...
လက်ထပ်ကြရအောင်...။💝💝 💝💝 💝💝 💝💝 💝💝 💝💝
" ပေါက်စ...ပစ္စည်းတွေစုံပြီနော်? "
" ဟုတ် ဆရာ ~ အကုန်တင်ပြီးပြီ "
" သွား...~ မေမေ့ကိုသွားတွဲခဲ့ "
" ဟုတ် "
ကျွန်တော့်ကို သွက်သွက်လက်လက် ခေါင်းငြိမ့်ပြရင်း...
လှေကားပေါ်မှ ဖြည်းဖြည်းဆင်းလာသော...
မေမေ့ဆီသို့ အပြေးသွားတွဲသည်...။အံမယ်...
ကောင်စုတ်လေးက ဒီနေ့မှ ရှိုးတွေအတင်းထုတ်နေပါလား...?
ဒူးအထက် ဂျင်းဘောင်းဘီတိုမိုးပြာရောင်လေးရယ် ~
အဖြူရောင် shirt ကို ဘောင်းဘီထဲသွင်းဝတ်ထားတော့...
လုံးလုံးသေးသေးနဲ့ ချစ်ဖို့ကောင်းလွန်းအားကြီးနေသည်...။ပိုပြီး အသည်းယားတာက အဲ့ဒီမျက်မှန်ဝိုင်း ~
မျက်မှန်ဝိုင်းအောက်က မျက်ဝန်းငယ်ဟာ...
ကြည်လင်ရွှန်းတောက်မှုနဲ့အတူ ~
လင်းလဲ့ရီနေရဲ့...။အဲ့ဒီကောင်လေးက ဘာလေးမှန်းမသိဘူး...။
လှုပ်စိ လှုပ်စိ... အိပဲ့ အိပဲ့နဲ့ ဆရာသမားကိုလည်းမကြောက်ဘူး...။
လုပ်ချင်ရာလုပ်တာ...။
နုနုအိအိပျော့ဆင်းနေတဲ့ ဆံပင်နက်တွေကိုလည်း ဘာလို့အလိုမကျမှန်းမသိဘူး...။
ဒီကောင်လေး...ဆံပင်တွေရှည်နေပြီ...။
စိတ်ပျက်တယ်ဖို့ကောင်းလောက်အောင်...
ဝဲခါကျနေတဲ့ ဆံချည်နု နက်နက်ကလေးတွေက
ပိုပြီး သူ့ရဲ့ ချစ်ဖို့ကောင်းခြင်းကို Level Up ပေးတယ်...။လူတွေက ဒီဖြူသေးသေးလေးကို...
ဝိုင်းကြည့်နေမှ ခက်မယ်...။ဟူး... ဒီခရီးကအပြန် ဆံပင်ညှပ်ခိုင်းမှပဲ...~
" ဆရာ... အားလုံးအဆင်သင့်ဖြစ်ပြီ
အန်တီ့ကိုလည်း ကားထဲပို့ခဲ့ပြီ "
YOU ARE READING
" All about us... ~ "
Romance" ငါတို့...လက်ထပ်ကြရအောင်... " #BirthdayPresentFor@YukariCB_88 သဘောကျနော် ^^ နင့်အတွက်သေချာရေးပေးတာ...။ မွေးနေ့မှာ အကောင်းဆုံးသော Golden Moment တွေကိုပိုင်ဆိုင်နိုင်ပါစေ...။