*Chapter 1*

99 11 0
                                    

Taehyung POV

Series အတွက် ရိုက်ကူးနေသည်မှာ ရက်သတ္တပတ်တွေတောင် ကျော်လွန်ခဲ့ပြီ။Jimin Hyung ကလည်း ကျွန်တော်နဲ့အတူလုပ်လုပ်ရတာ အဆင်ပြေနေ သဘောကျနေပုံပေါ်၏။

"Tae ah...ငါတို့အလုပ်ပြင်ပမှာလည်းတွေ့လို့ရလား...ငါတို့ငယ်ငယ်တုန်းကလိုလေ"
"ရတာပေါ့ဗျ...ဒါပေမယ့် Schedule တွေတော့ပြန်ကြည့်လိုက်ဦးမယ်နော်!အင်း.....အဆိုတော်တစ်ယောက်ရဲ့ music video မှာကျွန်တော်ဝင်သရုပ်ဆောင်ရဦးမယ်...ဒါပေမယ့် တွေ့ဖို့ကတော့ကျိန်းသေပေါက်Okတယ် Hyung!"

Skin Ship Scene တစ်ခု ရိုက်ကူးအပြီး Jimin hyung က အပြင်မှာဆက်တွေ့ရန် အစီအစဉ်မေးတော့ ကျွန်တော် ဤကဲ့သို့ပင် ပြန်ဖြေဖြစ်၏။

" ဟုတ်ပြီ ငါအားတာနဲ့မင်းကို ဆက်သွယ်လိုက်မယ် အဲ့အချိန်မင်းအားဖို့ဘဲ မျှော်လင့်ရတာပေါ့...ဒါဆို ငါပြန်တော့မယ်နော်"

Hyung က ကျွန်တော့်ကိုလာဖက်ပြီး နားနားကပ်ကာ 'See u' ပြော၍ ခေါင်းလေးပုတ်သွား၏။သူဖက်ထားရာမှ လွှတ်လိုက်တော့ ကျွန်တော် ခေါင်းအသာငြိမ့်ပြကာ အိမ်ပြန်ခဲ့သည်။Hyung ဖက်လိုက်လျှင် အရမ်းခံစားလို့ကောင်း၏။သို့သော် အပြင်မှာဆို ကျွန်တော်က ဇာတ်ဝင်ခန်းတွေထဲကလိုမဟုတ်။ အရမ်း ရှက်တတ်သည့်အမျိုးထဲတွင်ပါသည်။

Managerထံမှ ဖုန်းလာပြန်ပြီ။သူကဖုန်းခဏ ခဏဆက်တော့ တခါတလေ အလွန်စိတ်ရှုပ်ဖို့ကောင်း၏။ဒါပေမယ့် ထားပါလေ။တွေးကြည့်လိုက်ရင်လည်း သူကကိုယ့် Manager ဆိုတော့...

"Taehyung?"
"Yeah"
"Big Hit Entertainment က music video မှာ မင်းသရုပ်ဆောင်ရမယ့် အပိုင်းတွေ ပို့လိုက်ပြီ။ဒါပေမယ့်ငါတော့ မင်းသဘောကျမယ် မထင်ဘူးနော်..."
"ရပါတယ်...Hyung ပို့လို့ရရင်သာ ကျွန်တော့်ဆီပို့လိုက်"
"အေးအေး အဲ့ဒါဆိုလည်း ငါမင်းဆီပို့လိုက်မယ်"

ကျွန်တော် email ဖွင့်ပြီး ဇာတ်ညွှန်းအကြမ်းဖျင်းကို ဖတ်ကြည့်လိုက်သည်။ဟမ်!ဒီဇာတ်ညွှန်းအတိုင်းဆို ကျွန်တော်က အစေခံလို ဆက်ဆံခံရမှာဘဲ...တကယ်တော့ ဒီလို Role မျိုး ကျွန်တော်သရုပ်မဆောင်ဖူးသည်မဟုတ်။သရုပ်ဆောင်ဖူးသည်။သို့သော် အဲ့ဒီတုန်းက အတူသရုပ်ဆောင်ရသူမှာ သဘောအလွန်ကောင်းသည်။သို့ရာတွင် ယခုတစ်ကြိမ်တော့ဘယ်သူနဲ့သရုပ်ဆောင်ရမလဲ တကယ်မသိ။

Call Me HyungWhere stories live. Discover now