Yellow Tulips

2.2K 307 30
                                    

Byun Baekhyun သည် flower boy ဟု တင်စားခံရမည့် ရုပ်ရည်မျိုး မပိုင်ဆိုင်ပေမယ့် အနံ့အသင်းအမျိုးမျိုး အရောင်အဆင်း အမျိုးမျိုးနှင့် ပတ်သက် နီးစပ်ရသော ပန်းအရောင်းဆိုင်ငယ်လေး ဖွင့်လှစ်ထားသူပေါ့။

ဆိုင်ဖွင့်ထားတာ 1လလောက်ပဲ ရှိသေးသော်လည်း တဖြည်းဖြည်းနှင့် မိတ်ကလေးလည်း ရလာပြီဖြစ်၍ ဝါသနာအရဖွင့်ထားသည့် အလုပ်ကလေး တွင် ပျော်မွေ့လာသည်။

ဆိုင်ခန်းလေးကို ပန်းအိုးလေးများ ပန်းစည်းလေးများဖြင့် နေရာတကျ အလှဆင်ထားသည်ကို ထပ်ခါတလဲလဲ ကြည့်ရင်း သဘောကျမိပြန်သည်။

' Baekhyun ah~ ပြော လို့ ပြောတာ မဟုတ်ဘူး ....နင် နဲ့ ဒီအလုပ်က အရမ်း လိုက်ဖက်တာဟ ...အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေတတ်တဲ့ နင့် ပုံစံလေးက ဒီပန်းလေးတွေ လိုပဲ မြင်ရသူရဲ့ မျက်လုံးထဲမှာ တကယ် အေးချမ်းတာ ဟ '

ငယ်ပေါင်းဖော် သူငယ်ချင်းမ လေးရဲ့ စကားက မနက်ခင်းကို အပြုံးတစ်ခုဖြင့် နိုးထစေသည်။

' ဘယ် ပန်း ယူမလဲ? ကြိုက် တဲ့ ပန်း ကို ယူ သွားပြီး အမေကို လက်ဆောင်ပေးချေ ...အာ ...ငါတို့ သူငယ်ချင်းမလေး က ချစ်သူကိုပဲ ပေးမှာပေါ့ '

'တကယ် စိတ်ထဲ တွေးမိလို့ နင့် ရဲ့ ပုံစံ ကို စာဖွဲ့ပြရတာကို ...ဒါနဲ့ နင် သိလား ? ပန်းကလေး တွေက စကားလည်း မပြော စာလည်း မဖွဲ့ပြဘဲနဲ့ အဓိပ္ပါယ် အများကြီးဖော်ဆောင်တယ် ဆိုတာလေ '

ခေါင်းတစ်ချက် ရမ်းပြသည့်အခါ မျက်ခုံးပင့်တင်လိုက်သည့် သူငယ်ချင်းမလေး ...

'ဘုရားရေ ... အမျိုးအစား စုံစုံလင်လင်နဲ့ ပန်းရောင်းတဲ့သူက ဒါ ကို မသိဘူးပေါ့? '

'အင်း ...ပန်းကလေးတွေကို သဘောကြ မြတ်နိုးလွန်းလို့ ပန်းဆိုင်လေး ဖွင့်ဖို့ စဉ်းစားထားခဲ့တာလေ ...သူတို့ရဲ့ အဓိပ္ပါယ်ကိုတော့ တကယ် မသိဘူး ...လိုရော လို လို့လား သိဖို့လေ '

'လိုတာ မလိုတာ ထက် သိထားရင် ပို မကောင်းဘူးလား? နင်က ပန်းရောင်း တဲ့သူဆိုတော့ လိုမှာပဲလေ ...ဟိုမှာကြည့် ...ညာဘက် ထောင့်စွန်းနားက အဝါရောင် ကျု့လစ် ပန်းလေးက ကျန်တဲ့ အနီရောင် အဖြူရောင် တို့နဲ့ ယှဉ်ရင် အရေအတွက် နည်းနေတယ်မထင်ဘူးလား ? '

Yellow TulipsWhere stories live. Discover now