#Unicode
"ကိုကို"ခေါ်သံကြားသဖြင့် ရှင်းသန့်တို့သုံးယောက်သားလှည့်ကြည့်လိုက်ရာ
အမောတကောပြေးလာပုံရသည့် ဝေယံမောင်အား တွေ့လိုက်ရသည်။"ကိုကို ဘာလို့ရှင်းသန့်ဆီရောက်နေရတာလဲ?"
ဝေယံမောင် ကိုကို့ရဲ့ လက်ကိုဆွဲကာ ပြောလိုက်သည်။
"လွှတ်စမ်း။ ငါ့ကိုမထိနဲ့။ မင်းအသားနဲ့ထိရမှာတောင်
ငါရွံတယ်"မိမိလက်ကို ဆွဲလာသော ဝေယံမောင့်လက်အား
ဖြုတ်ချကာ ကိုကို ဒေါသတကြီး အော်လိုက်သည်။"ကိုကိုရယ် ဝေယံရှင်းပြပါရစေနော်။ ဝေယံ တမင်အကွက်ဆင်ခံရတာပါ"
"ဘာပြောတယ်...ဒီလောက်သက်သေတွေ တစ်ပုံကြီးရှိနေတာကို ဘယ်လိုတောင် ဆက်လိမ်နေသေးတာလဲ ဝေယံမောင်"
"ရှင်းသန့် ဒါနင့်လက်ချက်လား?"
ဝေယံမောင့် မြှားဦးက ရှင်းသန့်ဆီ လှည့်လာပြန်သည်။
"ငါ့လက်ချက်လို့ပြောရအောင် ဘာသက်သေရှိလို့လဲ မောင်။ မောင့်ဘာသာ ဖင်မငြိမ်တဲ့ကိစ္စကို ငါ့လက်ချက်တဲ့လား?။
နင်တို့အတွဲပဲ ဒီကိစ္စကို အရင်ရှင်းပါဦး။
အေးချမ်းနေတဲ့ ငါ့ဘဝလေးကို အပူတွေထပ်လာမပေးပါနဲ့တော့။
လာ သွားမယ် ကိုမိုး"
ရှင်းသန့် မိုးမြင့်မား လက်ကိုဆွဲကာ အိမ်ထဲဝင်သွားတော့သည်။ဝေယံမောင်တစ်ယောက် ပြောင်းလဲသွားသော ရှင်းသန့်အား အံ့သြနေပေသည်။
"ငါ" တဲ့လား?။ မိမိဘယ်လောက် အနိုင်ကျင့်ပါစေ မိမိနှင့် စိတ်ဆိုးစိတ်ကောက် ဖြစ်ရင်တောင် ရှင်းသန့်လို့ပဲ သုံးခဲ့တဲ့ ရှင်းသန့်လင်းက ခုတော့ "ငါ" တဲ့လား?။မိမိအား ခုလို ရန်ထောင်ဖို့မပြောနှင့် မိမိတို့ သူငယ်ချင်းသဘာဝရန်ဖြစ်ခဲ့ရင်တောင် သူ့ဖက်ကပဲအရင် စ ချော့ခဲ့တဲ့ ရှင်းသန့်က
မိမိအား ရန်လိုသော မျက်လုံးများနှင့်ကြည့်ကာ
ရန်ထောင်တတ်နေလေပြီ။ရှင်းသန့်က မိမိအပေါ်မှာ အနိုင်ကျင့်ခဲ့ခြင်းမရှိ။
မိမိကသာ အမြဲအနိုင်ယူကာ ရှင်းသန့်ရည်းစားဖြစ်တဲ့ ကိုကို့ကိုတောင် ဖြတ်ခုတ်ခဲ့ခြင်း...
DU LIEST GERADE
The 3 Guys(Completed)
Jugendliteratur#Unicode သူဌေးကြီးတစ်ယောက်ရဲ့ တရားမဝင်သားအဖြစ်နဲ့ မွေးဖွားလာတဲ့ကောင်လေး... ဘဝကိုဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ကောင်လေး... အချစ်ဆုံးသူငယ်ချင်းနဲ့ချစ်ရသူဆီက တစ်ပြိုင်တည်း သစ္စာဖောက်ခံလိုက်ရတဲ့ကောင်လေး... ထိုကောင်လေးသုံးယောက် ဘယ်လိုတွေ့ဆုံကြမှာလဲ? သူတ...