7 (Final)

2.4K 173 23
                                    

" jonginneရေ နောက်ကျနေပြီ
မြန်မြန်ထတော့ "

" အင် အင်း ဘယ်အချိန်ရှိပြီလဲမကြီး "

" 9နာရီထိုးနေပြီ.. "

" ဟမ်!! "

ဝုန်းခနဲ အလန့်တကြားထထိုင်လိုက်တော့
မကြီးရဲ့မျက်စောင်းက စူးခနဲရောက်လာသည်။

သေစမ်း နောက်ကျတာမှ တော်တော့်ကို
နောက်ကျနေတာ...
ခုမှလာနှိုးရတယ်လို့ကွာ မနှိုးဘဲ
ပစ်ထားလိုက်ပါတော့လား huuu!

ကမန်းကတန်း ကုန်းရုန်းထရင်း
ရေချိုးခန်းဆီပြေးဝင်ကာ ရေမိုးချိုးသန့်စင်ပြီး
အဝတ်အစားအမြန်လဲ၍ ကားမှတ်တိုင်ဆီ
သုတ်ခြေတင်ရပါတော့၏။

နောက်ကနေအော်ပြောနေသည့်မကြီးရဲ့...
" ထမင်းစားသွားအုံးလေ "...ဆိုတဲ့ အသံကို
လစ်လျူ ရှုပစ်ခဲ့ရင်းပေါ့။

ကျွန်တော်ကခုဆို ကျွန်တော်တို့ကျောင်းရဲ့
ကျောင်းဆရာတောင်ပြန်ုဖြစ်နေပြီလေ။
အသက်အရွယ်ရလာသည်နှင့်အမျှ
ရင့်ကျက်ခြင်းဆိုသည်ကလဲ အခန့်သား
နေရာယူတတ်လာပြီ။

သို့တိုင် ကျွန်တော်၏ရင့်ကျက်မှုတွေထဲ kyungကိုချစ်စိတ်တွေမပါ,ပါ

Kyungနဲ့ပက်သတ်ရင် ကျွန်တော်ဟာ
ဆယ်ကျော်သက်ကောင်လေးလိုဘဲ
ကြေမွနေတဲ့နှလုံးတွေကတောင်
ခုန်နေတတ်တုန်းဘဲ။

Kyungဆိုမှ L.Aမှာသူ့မိသားစုနဲ့အတူ
ပျော်နေလောက်တယ်ဟုတွေးမိရပြန်ပြီ။
Kyungကိုမေ့ပစ်ဖို့ဆိုတာ ကျွန်တော်
ဘယ်တော့မှမကြိုးစားဖူးတဲ့အရာ။

kyungက ကျွန်တော်မေ့ပစ်ဖို့မသင့်တဲ့
အနာကျင်ရဆုံးစွဲလမ်းမှုတစ်ခုဖြစ်၍~~

Kyungကိုဘဲချစ်တဲ့နှလုံးသားကိုတော့
တစ်ခါတစ်လေအပြစ်တင်မိသည်ပေါ့...

ဒီနှလုံးသားကkyungအတွက်ဘဲဖြစ်တည်လို့
ကျွန်တော်နာကျင်ရတာမဟုတ်လား?

Kyumgကိုမလွမ်းတော့ပါဘူးလို့
ဟန်ဆောင်လိမ်ညာမိတယ်
အဲ့ဒီ့နောက် ကိုယ်ကိုယ်တိုင်
သေမတတ်နာကျင်နေရတော့တာဘဲ~~~

Kyungကို ဆက်မချစ်တော့ဘူးလို့
ဆုံးဖြတ်ချက်ချလိုက်မိတယ်..

K.Y.U.N.G..( completed)Wo Geschichten leben. Entdecke jetzt