King In Cage

4.1K 323 10
                                    

   ကောင်းကင်ယံတစ်ခုလုံး တိမ်ညိုမဲတို့ဖြင့် အုံ့မှိုင်းနေကာ မိုးရေစက်များများမှာလည်း ကမ္ဘာမြေပြင်ပေါ်သို့ အငြိုးတကြီး ခုန်ဆင်းနေသည်။

       ထိုအချိန် လူခြေတိတ်သောရပ်ကွက်တစ်ခု၏ စံအိမ်တော်ကြီးရှေ့ အလှစိုက်ပျိုးထားသည့် စိမ်းစိုနေသော မြက်ခင်းပြင်ကျယ်ကြီးပေါ်တွင် တစ်ကိုယ်လုံးရွှဲရွှဲစိုကာ နှုတ်ခမ်းသားတို့ပြာနှမ်းလျက် အအေးဒဏ်ကိုအံတုကာ ဒူးထောက်နေသော ကောင်လေးတစ်ယောက်။

     တစ်ချက်တစ်ချက် လျှပ်စီးတွေလက်တဲ့အခါ ကြောက်လန့်မှုဖြင့် တုန်လှုပ်သွားသော ခန္ဓာကိုယ်လေး။ မိုးခြိမ်းသံကြားလျှင် လက်နှစ်ဖက်နားတွင်အုပ်မိုးပြီး ငိုနေတတ်သောကောင်လေး။ ထိုကောင်လေးကို စံအိမ်အတွင်းရှိကောင်လေးတစ်ယောက်က မျက်တောင်မခတ်တမ်းကြည့်နေသည်။ ထိုသူမှာ စံအိမ်ပိုင်ရှင် Oh Sehun ပင်ဖြစ်လေသည် ။ သူအလှထိုင်ကြည့်နေသည့် ကောင်လေးကတော့  သက်ရှိငှက်ကလေးဟု သူသတ်မှတ်ထားသည့် Kim Jongin ဖြစ်သည်။

    သူဆိုသည့် Oh Sehunအတွက် Kim jongin ဆိုတာ အလှမွေးငှက်တစ်ကောင်ဆိုတာထက် ဘယ်တုန်းကမှ မပိုခဲ့သူပဲလေ။

*********************************

" Sehunnie မင်းတစ်ညလုံး သူ့ကို ဒီတိုင်းထားရင် မနက်ကျ ငါတို့အလောင်းထွက်ကောက်နေရလိမ့်မယ် "

   Chanyeol အိမ်အပြင်သို့စိတ်မသက်မသာ ကြည့်နေမိသည်။ သူကအမြဲတမ်း sehunမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူချစ်ရသောသူ စိတ်ချမ်းသာစေဖို့အတွက် Sehunသဘောအတိုင်း လိုက်လျောခဲ့ပေမဲ့ မတော်တဆ sehunလက်ချက်ဖြင့် လက်လွန်ခဲ့၍ jongin တစ်ခုခုဖြစ်သွားလျှင် sehunကိုထိခိုက်လာမည်ကို မလိုလားပေ။

" ကောင်းတယ် သေရင်မြေမြှုပ်လိုက်တာပေါ့ ဟား…ဟား…ဟား သူဘယ်မှထွက်ပြေးလို့မရတော့ဘူး ဘယ်သူနဲ့မှ စကားပြောလို့မရတော့ဘူး ဘယ်သူကမှ သူ့အသားကို ထိခွင့်မရှိတော့ဘူး ဟုတ်တယ်မလား Chanyeol"

   Sehun သည် ခန့်မှန်းရခက်ပြီး သာမန်လူတွေနဲ့မတူသည့် အတွေးအခေါ်တွေနဲ့ လူထူးလူဆန်းဖြစ်သည်။ အခုလည်း သူ့စိတ်ထဲရှိတာတွေကို သူ့အချစ်ဆုံးသူငယ်ချင်း ဖြစ်သည့် Chanyeolကို ရင်ဖွင့်နေခြင်းပါ ။

King In Cage (Completed)Where stories live. Discover now