အိပ်​မက်​ မက်​ကြသူများ အပိုင်း ၁

13.9K 73 1
                                    

"အိမ်မက် မက်ကြသူများ ၁"
(ဟိုမိုအချစ်ဇာတ်လမ်း)

Pyae Phyo

"ဟေ့..ဟေ့..အော်. ဘယ်နှယ့်ကလေးလဲကွာ၊ သေတော့မှာပဲ." အရှိန်နဲ့ စထွက်နေတဲ့ ရန်ကုန်-မန္တလေး ရထားပေါ် ပြေးလိုက်တက်လာတဲ့ ကောင်လေးကို ဒေါက်တာ မျိုးနန္ဒ မကြည်ကြည့် တစ်ချက်ကြည့်လိုက်မိတယ်။ ကောင်လေးက အလွန်ဆုံးရှိမှ အိမ်က ညီအငယ်ကောင် မျိုးသီဟနဲ့ သက်တူရွယ်တူ ၁၇ ၁၈ လောက်ပဲရှိဦးမယ်။ ယောက်ျားလေးတစ်ယောက်လို့ မထင်ရလောက်အောင် ဖြူနုနု ငယ်ငယ်သွယ်သွယ် ကောင်လေးက သူ့ကိုယ်နဲ့မတန်တဲ့ ပွယောင်းယောင်းအင်္ကျီနဲ့ ဘောင်းဘီရှည်တို့ကို ဝတ်ထားတယ်။ ခြေထောက်မှာလည်း တစ်ဖက်ကြီးတစ်ဖက်သေးနဲ့ ခြေအိတ်မပါတဲ့ ရှူးဖိနပ်ကို ကျွဲတစ်ဖက်နွားတစ်ဖက် စီးထားပြန်သေးတယ်။ ရုပ်ကလေးနဲ့ မလိုက်အောင် လောကဓံဖိစီးနေပုံပေါ်နေတဲ့ သူ့ပုံစံလေးကြောင့် စောစောကမိုက်ရူးရဲဆန်စွာ ရထားပေါ်ခုန်တက်လာလို့ သူ့အပေါ် ထွက်ခဲ့မိတဲ့ ဒေါသတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့တယ်။

တစ်ဖက်က လွှတ်နေတဲ့ ခုံတန်းမှာ ခြေဆန့် စီးလို့လိုက်လာရင်းက အိပ်ပျော်သွားတဲ့ ဆယ်ကျော်သက် လူငယ်လေးကို မျိုးနန္ဒ ငေးကြည့်နေမိတယ်။ နုတ်ခမ်းမွှေးစိမ်းစိမ်းနုနုလေးတွေက ရဲရဲပါးပါး နုတ်ခမ်းတစ်စုံရဲ့ အပေါ်မှာ ခပ်မှိန်မှိန်လေးပေါက်နေတယ်။ ထူထည်းတဲ့ မျက်ခုံးမွှေးတို့နဲ့ ရှည်လျားကော့ညွှတ်နေတဲ့ မျက်တောင်တို့က သိပ်လှတဲ့ သူ့မျက်လုံးတို့ကို ဘောင်ခတ်ပေးထားပြန်တယ်။ ပျော့ပျော့ဖြောင့်ဖြောင့် ဂုတ်ထောက် ဆံပင်လေးများကို ဂေါက်သီးရိုက်တဲ့အခါဆောင်းတဲ့ ခပ်အုပ်အုပ် ဦးထုပ်ကလေးနဲ့ ဖုံးထားတယ်။  ခပ်ပြေပြေလေး လျောသွားတဲ့ နှာတံစင်းစင်းတို့နဲ့ လူချောလေးက ဘာတွေများ ဒုက္ခသုက္ခတွေ ကြုံခဲ့ရလို့ ဒီလောက်တောင် နွမ်းလျနေရတာပါလိမ့်။ ရင်ဖက်ထဲမှာတော့ သရေအိတ် အဟောင်းတစ်လုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း အိမ်မောကြနေတဲ့ ကောင်လေးက ဂျလေဘီလေးတစ်ဦးများလား... အတွေးတွေနဲ့ငေးကြည့်နေမိတုန်း...

"အင်း အဟင်း... ကိုကို.ကိုကို..."

နုတ်ခမ်းတို့မဲ့ကာ အိမ်မက်ယောင်ရင်း ခပ်တိုးတိုး အော်နေတာ။ နဖူးစမှာစို့တက်နေတဲ့ ချွေးပေါက်တို့ကို ကြည့်ခြင်းအားဖြင့် သူ အိမ်မက်ဆိုးမက်နေမှန်း ခန့်မှန်းလို့ရတယ်။ မျိုးနန္ဒလည်း..

အိပ်​မက်​ မက်​ကြသူများWhere stories live. Discover now