အိပ်​မက်​ မက်​ကြသူများ အပိုင်း ၂ ဇာတ်​သိမ်း

9.7K 92 0
                                    

"အိမ်မက် မက်ကြသူများ ၂"
(ဟိုမိုအချစ်ဇာတ်လမ်း ဇာတ်သိမ်း)

Pyae Phyo

မျဉ်းပြိုင် ၂ ကြောင်းဟာ ဘယ်လောက် နီးနီး ဘယ်တော့မှ မဆုံနိုင်ပါ။ နန္ဒနဲ့ ညီညီက တူညီတဲ့ အနီးဆုံးက မျဉ်းပြိုင် ၂ ကြောင်းသာ ဖြစ်ခဲ့ပါမူ ဆုံမှတ်ဆိုတာ ရှိလာနိုင်ပါ့မလား...

ဒီနေ့က အရေးပေါ် သွေးလိုနေတဲ့ လူနာရဲ့ သွေးနဲ့ နန္ဒရဲ့ သွေးအမျိုးအစား တူနေတာနဲ့ သွေးလှူဖြစ်ခဲ့တယ်။ မွေးလူနာ တစ်ယောက်ကိုလည်း မွေးပေးခဲ့ရသေးတယ်။ ကျန်းမာရေး အသိနည်းတဲ့ ရွာသူရွာသားတွေမို့ ဆေးရုံဆေးခန်း လာဖို့ဆို အတော်လေး ကြောက်ကြတယ်။ အင်မတန် ဆိုးဝါး အရေးကြီးတဲ့အခါမျိုးတွေမှသာ ဆေးရုံပြေးလာတက်ကြတယ်။ အဲ့ဒီလို အခါမျိုးတွေမှာ မျိုးနန္ဒတို့လို ဆရာဝန်တွေက အမှားယွင်းအနည်းဆုံးနဲ့ အကောင်းဆုံး ကုသမှုတို့ကို စေတနာရှေ့ထားလို့ ပြုပေးတက်တယ်။ ဆေးရုံဆိုတာကို အားကိုးချင်လာတဲ့ စိတ်ကလေး ဝင်ရင်ပဲ နန္ဒတို့အဖို့က အောင်မြင်မှုပါ။

"ဆရာ..ဧည့်ခန်းဆောင်မှာ ဆရာ့ဧည့်သည်ရောက်နေတယ်" ဆရာမ နုနုအေးက ရွှန်ပြပြမျက်နှာပေးနဲ့ လာပြောတာ။ ဘယ်သူများပါလိမ့်ပေါ့...

အော်..ငတိလေး... သနှပ်ခါးအဖွေးသားလူးလို့ ခပ်ပွပွ ရှပ်အင်္ကျီအပြာရောင်ကို ပုဆိုး ရင်ခေါင်တက်မတက် ဝတ်ထားတဲ့ပုံနဲ့ ဧည့်သည်ဆောင်က ဆက်တီခုန်မှာ ထိုင်နေတာ။

"ဟေ့ ညီညီ.. ဘာကိစ္စလဲ ဆို.."

"ကိုကို, ညီထမင်းချိုင့်ယူလာတယ် ကိုကိုစားဖို့. ဟင်ရည်တွေ အေးမှာဆိုးလို့ အမြန်ပြေးလာရတာ မောတောင်နေတယ်."

အလိုက်သိလွန်းတဲ့ ကောင်လေး၊ အဟုတ်ပါပဲ.. ချိုင့်ဖွင့်ကြည့်တော့ ငြုပ်စိမ်းနံ့ကဲတဲ့ မုန်လာဥချဉ်ရည်ဟင်းက အငွေ့တောင် မပြေသေး... "ဆရာ..သူကဘယ်သူလဲရှင့်" အပျိုကြီးဆရာမ နုနုအေးက လှမ်းမေးတာ

"အော် ဆရာမ၊ သူက မန္တလေးက ကျနော့် ညီငယ် ညီညီတဲ့.." "ဆရာမှာ ညီတစ်ယောက်၊ ညီမတစ်ယောက်ပဲ ရှိတယ် သိထားတာလေ" အပျိုကြီးပီပီ ဆရာမနုနုအေးက အရှည် (စကားကြော ရှည်တာ ပြောပါတယ်😁)

You've reached the end of published parts.

⏰ Last updated: May 04, 2018 ⏰

Add this story to your Library to get notified about new parts!

အိပ်​မက်​ မက်​ကြသူများWhere stories live. Discover now