"သို့....."
(Homo Fic အချစ်ဇာတ်လမ်းတို)Pyae Phyo
သီပေါက မြူခြေတွေ မကြာမကြာရစ်တယ်၊ နှင်းမိုးတွေ အလှဆုံးဆွေတယ်... နေရောင်မမြင်တဲ့ မိုးမှောင်ကျတဲ့ နေ့တွေမှာတောင် သူရှိရင် ကျနော့်လောကကြီး လင်းတယ်။ နေ့ရက်တွေမှာ တစ်ရက် တစ်ရက် နိုးထအသက်ရှင်ရတဲ့ ရည်ရွယ်ချက်က သူ့ကြောင့်... သူက ရှမ်းတိုင်းရင်းသား။ ဖြူနုတဲ့ အသားအရည်၊ နီးမြန်းပါးလျတဲ့ နုတ်ခမ်း၊ ထင်ရှားထူးခြားတဲ့မျက်ဝန်းအကြည့်နဲ့ ရှမ်းကလေးက တစ်ကယ်တော့ ကျနော့်ရဲ့ ကမ္ဘာ... သူဆိုတာ.. ကိုကြီးကိုစိုင်းညီ...
ဝှေ့ဝဲတိုက်ခက်လာတဲ့ လေပွေတစ်ချို့က သူနဲ့ကျနော် ဆုံတွေ့ခဲ့တဲ့ နေ့ရက်အစ အတိတ်စာမျက်နှာတွေဆီ ခေါ်ဆောင်သွားကြပါတယ်...
"ဒိန်...ဂျလိန်း.."
ကျယ်လောင် ပြင်းထန်တဲ့ မိုးချုန်းသံတို့နဲ့အတူ မိုးသားတိမ်မဲတို့ ကောင်းကင်ပြင် အပြည့် တက်လို့လာနေတယ်။
"သေချင်တယ်.. ကံဆိုးမသွားရာ မိုးလိုက်ရွာတယ်ဆိုတာ ဒါပဲနေမယ်.."
၁၀တန်းကျလို့ အိမ်က အဖေ၊အမေတွေ ဆူပူရိုက်နှပ်မှာကြောက်လို့ အိမ်ပြေးလုပ်လာတဲ့ ကျနော်။ မှတ်မှတ်ရရပဲ အဲ့နေ့က စနေနေ့ကြီး။ သီပေါက သူငယ်ချင်းဆီ ထွက်လာပြီး အဖေ၊ အမေ စိတ်ပြေမှ အိမ်ပြန်မယ်ပေါ့။ ခုလက်ရှိ ခက်နေတာက သီပေါက သူငယ်ချင်း လိပ်စာပါ ပျောက်သွားတာပဲ။ ဘယ်သွားလို့ သွားရမှန်းမသိ၊ ဘူတာရုံကနေ ခြေဦးတည့်ရာ လျှောက်လာနေတုန်း မိုးက တစ်စခန်းထတော့တာ။
"မဖြစ်ဘူး ဒီပုံအတိုင်းဆို၊ မိုးခိုမှဖြစ်မယ်.."
တစ်ဖြောက်နှစ်ဖြောက်ကျလာတဲ့ မိုးရေတွေကြား ခပ်ဝေးဝေးမှာမြင်နေရတဲ့ ယာခင်းစောင့် တဲငယ်ဆီ သုတ်ခြေတင်းပြေးသွားမိတော့တယ်။
"ဟူး..တော်ပါသေးရဲ့.."
မိုးမိမယ့် အနေအထားကနေ သီသီလေးလွတ်လာခဲ့တာ။ ဝါးကြမ်းခင်း တဲထဲမှာတော့ ကျနော့်လိုပဲ လူတစ်ယောက် မိုးခိုနေတယ်။ အေးစိမ့်စိမ့်တိုက်ခက်လာတဲ့ လေတို့က ကျနော့် အဖြူရောင် အင်္ကျီအပါးကို ဓားသွားစများနဲ့ လှီးဖြတ်နေသလို ပွတ်သပ် တိုက်ခက်နေတာမို့ ဟန်မဆောင်နိုင်အောင် ချမ်းလို့လာပါတယ်။ ဒူး၂ဖက် ပိုက်လို့ တစ်ဆက်ဆက်တုံနေအောင် ချမ်းနေတဲ့ ကျနော့် ကိုယ်ပေါ် နွေးထွေးတဲ့ အထိအတွေ့တစ်ခု ခံစားလိုက်ရတာမို့