One

566 55 7
                                    

Zhang Yixing တစ်ယောက်တက္ကသိုလ်ကျောင်းတော်ကြီးပိတ်သဖြင့်ကဲမည်ဟုဆုံးဖြတ်ကာအိမ်ပြန်လာလေသည်

အဝတ်အစားလဲကာ party လုပ်ရန်ကြံရွယ်နေစဉ်

ဒေါက်ဒေါက်ဒေါက်!!!!

လာပြီ....

အကိုလေးကိုဖွားခေါ်ခိုင်းလိုက်လို့ပါ

အော်အေး

ဧည့်ခန်းထဲရှိသုံးယောက်စတီခုံအလယ်တွင်တင့်တယ်စွာထိုင်နေသောဖွား

ဖွား ခေါ်တယ်ဆို??

အေး မြေးလေး မြေးလည်းကျောင်းပိတ်တယ်ဆိုတော့အခုတခေါက်ဘူဆန်သွားတာလိုက်ခဲ့ပါလား

ဟာ မလိုက်ပါဘူးဖွားကလဲ ပူရအိုက်ရနဲ့ထဲ ရွာမှာပန်ကာမရှိ aircon မရှိနဲ့ ယပ်တောင်နဲ့ညားမယ့်ကိန်း

မြေးရယ် မြေးငယ်ငယ်တုန်းကဘဲရောက်ဖူးတာလေ ဇာတိမြေကရွာအကျိုးကိုဖွားအဝေးကနေပံ့ပိုးကူညီနေတာမြေးအသိ ဖွားသွားတိုင်းရွာကလူတွေကမြေးကိုမေးနေကြတာမြေးရဲ့ ခါတိုင်းကမြေးကကျောင်းစာတွေနဲ့မအားတာကြောင့်ဖွားမခေါ်တာ ပြီးတော့မြေးအဖေကလည်းလွန်ခဲ့တဲ့တစ်ပတ်ကဘဲနိုင်ငံခြားခရီးစဉ်သွားရတယ်လေ ဒီအိမ်ကြီးမှာဘယ်သူမှမရှိတာဖွားရဲ့မြေးချောလေးကိုစိတ်မချပါဘူး

အာ ဖွားကလည်းမလိုက်ချင်ဘူးဆို ပြီးတော့သူငယ်ချင်းတွေနဲ့ညကျစားသောက်ဖို့လုပ်နေတာ ပြီးတော့...

ပြီးတော့ဘာဖြစ်လဲ?စင်ကာပူကသားကောင်မလေးဂျက်မလာတာသွားကြိုမလို့မလား?ဖွားပြောပြီးသားနော် အဲ့ကောင်မလေးနဲ့သားကိုလုံးဝသဘောမတူဘူး

ဖွားရာ ဂျက်စီကာပါ

သူ့ဘာသာသူဂျက်စီကာဖြစ်ဖြစ်ဂျက်လေယာဉ်ဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး အေး သူလာတာကိုလည်းသွားကြိုစရာမလိုဘူး နောက်နှစ်နာရီနေရင်စထွက်မယ် မင်းပါလိုက်ခဲ့ရမယ်

ဒါပေမယ့်....

တော်!!!!ဘာဒါပေမယ့်မှမလိုချင်ဘူး ဖွားအေကတစ်ခါတစ်လေလေးခေါ်တာလိုက်မယ်မရှိ ဟိုလေးနဲ့များကွာပါ့ ဟိုလေးဆိုရင်...

တော် တော် တော်ပါပြီဖွားရယ် လိုက်ဆိုလည်းလိုက်ပါ့မယ် လိုက်ချင်လို့တော့မဟုတ်ဘူးနော် ဖွားပြောပြောနေတဲ့အဲ့ဟိုလေးဆိုတာကိုလိုက်ကြည့်ချင်တာ ဟွန့် ဘာတွေများသာနေလို့လဲ

ဇာတိရွာကဖူးစာရှင်Where stories live. Discover now