"ဒီမှာ......ဒီမှာ"
"ဗျာ"
"ရှင်က...ခွန်းသ လား"
"ဟုတ်ပါတယ်...ဗျ...ကျွန်တော့ သိလို့လား"ခွန်းသ အပြုံးလေးနဲ့ မေးလိုက်တယ်။
ဒီနေ့မှ သင်တန်းတတ်ရင်း လှည်းတန်းကို သူငယ်ချင်းသုံးယောက် ဝတ်သားထုတ်ထိုး လာစားကြခြင်းဖြစ်သည်။မိန်းကလေးက သင်တန်းကတော့ မဖြစ်နိုင်။ သင်တန်းတတ်တာ ခုမှ တစ်ရက်ဘဲ ရှိသေးတာ အဲ့တာတောင် သွားမတတ်ရသေးဘူး။ အသိမိတ်ဆွေလဲ မဟုတ်
ကိုယ့်သိနေလား...ဆိုတော့လဲ
ကိုယ်က cele တျောက်လဲ မဟုတ်ဘူးလေ။
ပုခုံးပုတ်ပီး မေးတာမို့ အံ့သြမိတယ် ဘယ်မိန်းကလေးက
အဲ့လို နှုတ်ဆတ်မှာလဲ။ခုကြည့်လေ မေးလာတဲ့ မိန်းကလေးက ကြွေရုပ်လေး အတိုင်း လှရက်တာ။ ကိုယ့်တရင်းတနှီး မေးတာဆိုတော့ မာန်တတ်ချင်လာတယ် ။ မာန်မတတ်နိုင်ရိုးလား ကိုယ်ဒွေ ဝိုင်းကို လူတွေက ဝိုင်းကြည့်နေကြတာ(မိန်းကလေးကို ကြည့်တာ ပြောပါတယ်)
"သြော်......ရှင်က......ခွန်းသကိုး......"
"ဟုတ်......ဘာကိ.........''
"ဖြောင်း"စကားမဆုံးသေးခင်......
မြောက်တတ်လာတဲ့ လက်တစ်ဖက်
ကျိန်းစက်သွားတဲ့ ပါးပြင်
သူမယုံနိုင်သလို မိန်းကလေးကို ကြည့်မိတော့......ရွံ့ရှာစက်စုတ်တဲ့ အကြည်..တွေနဲ့
''ခင်ဗျား.........ဘာလုပ်တာလဲ...''
ပထမဆုံး အသိဝင်လာတဲ့ သူရိန်က မေးလိုက်ချင်းဖြစ်သည်။"ဟား....ဟား...ဟား..."
"ဘာလုပ်တာလဲ......ဟုတ်လား...ပါးရိုက်တာလေ
ဘာလဲ မမြင်လိုက်လို့လား...ပြန်ရိုက်ပြမယ်လေ...""ခင်ဗျား...ခင်ဗျား"
သူရိန် ပြောလဲ ပြော ကောင်မလေးနား ကပ်သွားတာမို့
ခွန်းသ အလျင်အမြန် လက်လှမ်းဆွဲလိုက်တယ်။
သူရိန်လင်း ဆိုတာက မဟုတ်မခံ...
မိန်းကလေး ယောက်ျား နားလည်တာ မဟုတ်ဘူး......
သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ လူမျိုး......''သူရိန်''
ခွန်း သူရိန်ကို လက်ကာပြရင်း စိတ်ကို အတည်ငြိမ်ဆုံးထားကာ
"ဒီမှာ......မိန်းကလေး ကျွန်တော် ခင်ဗျားကို သိလဲမသိဘူး မြင်လဲ မမြင်ဖူးဘူး ခင်ဗျား ထိခိုက်အောင် လဲ ကျွန်တော် ဘာမှ မလုပ်ဘူး..."
YOU ARE READING
လွန်
Fanfiction"ကြမ်းတမ်းလွန်းတဲ့ လမ်းတွေကို အချစ်တွေနဲ့ ဖြတ်သန်းသွားမယ်လေ......... ဘယ်လို အရာတွေဘဲ ရှိရှိပေါ့ ဒီအခက်အခဲတွေရဲ့ အလွန်မှာ ကျွန်တော်တို့ရဲ့ အချစ်အိမ်လေးရှိနေတယ်...ဦး" "မင်း ထင်သလို...မဟုတ်ဘဲ...အဆုံးသတ်မှာ နှစ်ယောက်လုံး နာကျင်နေမယ်ဆိုရင်ကော...