First

7.4K 546 57
                                    

▨ ChanYeol × BaekHyun ▨

ပြတင်း​ပေါက်​မှ ​ကျော်​လွန်​ကာ
ဝင်​​ရောက်​လာတဲ့ ​နေ​ရောင်​စူးစူး
တစ်​ချို့သည်​ ကျွန်​​တော်​၏
မနက်​ခင်းကို စတင်​​စေခဲ့သည်​...

အိမ်​​ရှေ့ သစ်​ပင်​​ပေါ်က ငှက်​တို့၏
မနက်​ခင်း​တေးများ​ကြောင့်​ သာယာ​နေ​သော
ကျွန်​​တော်​၏ မနက်​ခင်းသည်
နာရီကိုကြည့်​လိုက်​မိချိန်​တွင်
ဖရိုဖရဲ ဖြစ်​ကုန်​ရပြန်​သည်​ ။

ဒီ​နေ့လဲ ​နောက်​ကျ​တော့မှာပဲ...
Tsk! ညကအလုပ်​မှာ ညည့်​နက်​သွားပြီး
မနက်​ကျအိပ်​ရာထက ​နောက်​ကျ...

တစ်​ဆက်​ထဲ ​ကျောင်းပါ​နောက်​ကျ​တော့မည့်
အ​ရေးကို ကြိုမြင်​​နေမိပြန်​သည်​ ~

လုပ်​စရာရှိတာများကို အမြန်​လုပ်​ကာ
ဘာပစ္စည်းပစ္စယာမှ မထုတ်​ထားသည့်
လွယ်​အိတ်​ကို လွယ်​ရင်းပင်
အိမ်​က ထွက်​ခဲ့လိုက်​သည်​...

Sam-cheon အတွက်​မနက်​စာလဲ
မပြင်​​ပေးနိုင်​ခဲ့​ပြန်​ဘူး...

လမ်းကိုသာ ခပ်​သွက်​သွက်​​လျှောက်​​ရင်း
ကျောင်းဆီကိုသာ...

သို့​သော်​ ခပ်​သွက်​သွက်​​လျှောက်​​နေ​သော
ကျွန်​​တော့်​​ခြေလှမ်းတို့သည်
ဘေးသို့ထိုးရပ်​လာသည့်
ကားတစ်​စင်းနှင့်​အတူ ရပ်​တန့်​သွားရသည်​...

အ​ရောင်​အပြာ​ရောင်​နှင့်​ ထိုပြိုင်​ကားကို
နှစ်​ခါကြည့်​စရာ မလို​အောင်
အဲ့ဒါဟာ MinYoung ရဲ့ကားမှန်း
ကျွန်​​တော်​သိပါတယ်​...

ချက်​ချင်းဆိုလျှင်​ ဖွင့်​ချလာ​သော
မှန်​တံခါးနှင့်​အတူ...

"​ကျောင်း​နောက်​ကျဦးမယ်​...လိုက်​မလား
BaekHyun"

"​တော်​ပါပြီ...​ကျေးဇူးပဲ ငါသွား​တော့မယ်​"

ကျွန်​​တော်​က ကားကြုံလိုက်​စီးမယ့်​သူမျိုး
မဟုတ်​ပါဘူး...
အထူးသဖြင့်​ သူ့လိုလူမျိုးနဲ့​ပေါ့...

"​နေပါဦး...လိုက်​ခဲ့ပါ Baekhyun ရဲ့
နောက်​၁၅မိနစ်​​လောက်​နဲ့ ​ကျောင်းကို
ဘယ်​လိုလုပ်​​ရောက်​မှာလဲ"

♤ ရင်​ခုန်​သံ​တွေအဆုံး ♤Where stories live. Discover now